ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း IDLO ညွှန်ကြားရေးမှူးချုပ် နှင့် UNDP ဌာနေကိုယ်စားလှယ်တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် IDLO ညွှန်ကြားရေးမှူးချုပ် Ms.Irene Ahan အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် UNDP ဌာနေကိုယ်စားလှယ် Ms.Renata Dessallien အား လည်းကောင်း နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

Standard (Image)