ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် Institute of International Education (IIE) အဖွဲ့မှ Senior Manager ဖြစ်သူ Ms.Clare Banks နှင့် Program Manager ဖြစ်သူ Shawn Patton တို့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပညာရေးကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး လွှတ်တော်အနေဖြင့် ဆောင်ရွက်နေမှုများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ပညာရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး IIE အဖွဲ့မှလည်း မြန်မာနိုင်ငံ၏ ပညာရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်
