ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် University of Miyazaki မှ Prof. Mitsuhiro YOKOTA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် University of Miyazaki မှ Prof. Mitsuhiro YOKOTA (Dean Of Faculty of Engineering UOM) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်သူ့လွှတ်တော် ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံနှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမည့် ပညာရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။      

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ  ၃၀ ရက်

Standard (Image)