ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် MMGG & GSJ တို့မှ ကင်းထောက် အမျိုးသမီးခေါင်းဆောင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  ၂၀၁၆ ခုနှစ် 4th International  Camp ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော  Gold Camp အား တက်ရောက်လာသည့် MMGG & GSJ တို့မှ မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည် ဦးဆောင်သော အဖွဲ့နှင့် ဂျပန်ကင်းထောက် အမျိုးသမီး အဖွဲ့မှ Ms. Chikako Fujishiro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ပြန်လည်ဖွဲ့စည်းခဲ့သည့် အခြေအနေများနှင့် ဂျပန် - မြန်မာ ကင်းထောက် လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက် သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည် ဦးဆောင်သောအဖွဲ့နှင့် ဂျပန်ကင်းထောက်အမျိုးသမီးအဖွဲ့မှ Ms. Chikako Fujishiro ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့မှ  မြန်မာကင်းထောက် အမျိုးသမီး ကျောင်းသူ (၇၂) ဦးနှင့် အုပ်ချုပ်သူ (၂၄) ဦး၊ ဂျပန်ကင်းထောက် အမျိုးသမီးကျောင်းသူ (၃၂) ဦးနှင့် အုပ်ချုပ်သူ (၉) ဦး စုစုပေါင်း (၁၃၇) ဦး တို့သည် လွှတ်တော်အဆောက်အအုံများအား ကြည့်ရှုလေ့လာခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

Standard (Image)