ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးရာနှင့် ဥရောပ ရေးရာဝန်ကြီး H.E.Mr. Jean Asselborn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဦးသန့်ဇင်ထွန်းနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပြီး လူဇင်ဘတ်နိုင်ငံ၊ နိုင်ငံခြားရေးရာနှင့် ဥရောပရေးရာဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီး H.E. Mr.Robert LAUER လည်း တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်
