ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နေ့ (၁၀း၀၀)နာရီချိန်တွင် Arisu Filtration Plant (ရေသန့်စက်ရုံ)သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရေသန့်စက်ရုံအကြောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရေသန့်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် (၁၄း၁၀)နာရီချိန်တွင် ဆိုးလ်မြို့ရှိ Transport Control Center သို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး Transport Control Center အတွင်း လိုက်လံရှင်းလင်းပြသခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ်ပြီးဆုံး၍ ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်လေဆိပ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာ ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သူရဦးသက်ဦးမောင် တို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
