ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ ဂယောင်းဘို့နန်းတော်နှင့် ပြတိုက်သို့ သွားရောက်လေ့လာ

ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E Mr. Chung Sye-kyun ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် ဆိုးလ်မြို့ရှိ ဂယောင်းဘို့နန်းတော်နှင့် ပြတိုက်သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များအား တာဝန်ရှိသူများက နန်းတော်နှင့် ပြတိုက်အတွင်း လိုက်လံရှင်းလင်း ပြသခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါလေ့လာခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်

 

Standard (Image)