ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း International IDEA မြန်မာဌာနေကိုယ်စားလှယ်အသစ် Mark McDowell အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International IDEA မြန်မာဌာနေ ကိုယ်စားလှယ်အသစ် Mark McDowell အား ယနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဦးနိုင်ထူးအောင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် International IDEA က ပြည်ထောင်စုလွှတ်တော်တွင် အရည်အသွေး မြှင့်တင်ရေးအတွက် စီစဉ်ပေးမည့်သင်တန်းများ၊ အရပ်ဖက်အဖွဲ့အစည်း များအား ကူညီပံ့ပိုးပေးမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံဒီမိုကရေစီ ပြောင်းလဲရေးတွင် ပတ်သက်သည့် Stakeholder’s များနှင့် ဆက်ဆံရေးကိစ္စရပ်များ၊ ကနေဒါနိုင်ငံရေး တိုးတက်ပြောင်းလဲမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

Standard (Image)