ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်သည် ပြည်ထာင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ယနေ့ မွန်းလွဲ ၁ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့် က အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက  ပြည်သူ့လွှတ်တော်တွင် ကတိဖြစ်ခဲ့သော မေးခွန်းများ၊ အတည်ပြုခဲ့သော အဆိုများနှင့် စပ်လျဉ်းပြီး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက တင်ပြချက်များနှင့်စပ်လျဉ်း၍ အပြန်အလှန် ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

Standard (Image)