ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုး နှင့် ကော်မတီအဖွဲ့ဝင်များသည် INJYNN Development Co.Ltd မှ မန်းနေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် နှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လိပ်သဲကျောက်ကို တွင်ကျယ်စွာ အသုံးပြုနိုင်မည့် စီမံချက်များနှင့် လိပ်သဲကျောက် အသုံးပြု၍ ခင်းခြင်းနှင့် ဘိလပ်မြေ အသုံးပြု၍ ကွန်ကရစ်ခင်းခြင်းတို့၏ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
Standard (Image)
