ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် အင်ကြင်းဖွံ့ဖြိုးမှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် နိုင်ငံခြားသင်္ဘောလိုင်း အသီးသီးမှ ကုန်တင်သင်္ဘောများ ကုန်ကျစရိတ်သက်သာပြီး အချိန်မြန်မြန်ဆန်ဆန်ဖြင့် ရှင်းလင်းပြီး ကုန်ပစ္စည်းများ ဈေးနှုန်းကျလာစေရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ Online Date ဖြင့် ဆောင်ရွက်နိုင်ရေးနှင့် Road Safely Sign Board များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးနေဖူးဗဆွေ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
