ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဂျပန်နိုင်ငံ၊ တရားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး H.E.Mr.Hiromu KUROKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် JICA မှ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ တွင် ကူညီဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များတွင်လည်း ပူးပေါင်း ဆောင်ရွက် သွားနိုင်ရေးများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
