ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr Vikram Misri အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များ ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်
Standard (Image)
