ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သံအမတ်ကြီးများအား အသီးသီး လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နယ်သာလန်နိုင်ငံ သံအမတ်ကြီး  H.E.Mr. Wouter Jurgens နှင့် စစ်သံမှူး Col’ Allard Wagemaker တို့အား ယနေ့နံနက် ၁၀ နာရီတွင် လည်းကောင်း၊ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E.Mr. Scot Marciel အား နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen အား ညနေ ၃ နာရီခွဲတွင် လည်းကောင်း နေပြည်တော်ရှိ  လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-11) ရှိ ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

Standard (Image)