ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး အင်ကြင်းဖွံ့ဖြိုးမှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး သည် အင်ကြင်းဖွံ့ဖြိုးမှု ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သော အဖွဲ့အား ယနေ့ ညနေ ၄ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှုများနှင့် ပတ်သက်သော ဖွံ့ဖြိုးရေးကိစ္စရပ်များအား အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်းပြီး ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

Standard (Image)