ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း အင်ကြင်းဖွံ့ဖြိုးမှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း သည် အင်ကြင်း ဖွံ့ဖြိုးမှုကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်းအောင် ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်းသင်္ဘောလုပ်ငန်းအား အကာအကွယ်ပေးရန်အတွက် ကုန်သွယ်ရေကြောင်း ဥပဒေ ပြဋ္ဌာန်းနိုင်ရေး၊ တိကျမှန်ကန်သည့် Policy များ ချမှတ်ပေးရေးနှင့် ယင်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအပေါ် ကောင်းကျိုး သက်ရောက်မှုများရရှိနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်

Standard (Image)