ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ Environmental Investigation Agency (EIA) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းနောင်၊ ဦးသက်နောင် တို့သည်   Environmental Investigation Agency (EIA) အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ် ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ပနိုင်ငံများနှင့်ပူးပေါင်း၍ သစ်အချောထည်ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် အလေးအနက်ထား ထည့်သွင်းစဉ်းစားရမည့် ကိစ္စရပ်များ၊ မျိုးသုန်းပျောက်ကွယ်တော့မည့် တောရိုင်းတိရိစ္ဆာန်များနှင့် သဘာဝအပင်များဆိုင်ရာ နိုင်ငံတကာကူးသန်းရောင်းဝယ်မှုကွန်ဗင်းရှင်း (CITES) နှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ တနင်္သာရီဒေသ ဆီအုန်းစိုက်ခင်းများနှင့် ပတ်သက်ပြီး ကြုံတွေ့နေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူတို့အတွက် ထည့်သွင်းစဉ်းစားသင့်သည့် အခြေအနေများကို အလေးထားဆွေးနွေးခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်

Standard (Image)