ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး Canada Parliamentary Centre မှ Director Mr. Ivo Baitrov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး၊ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီဝင်များသည်  Canada Parliamentary Centre မှ Mr. Ivo Balinov, Director (Partnerships and Program Development)   အဖွဲ့အား ယနေ့ မွန်းလွဲ ၁၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင် အဆောင်အမှတ်  (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအတွက် အထောက်အပံ့ ဖြစ်စေမည့် အရည်အသွေးမြှင့်တင်ပေးရေး ဆိုင်ရာကိစ္စရပ်များနှင့် ကနေဒါနိုင်ငံလွှတ်တော်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်

Standard (Image)