ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် အာရှဒေသ ပတ်ဝန်းကျင်ကောင်းမွန်ရေးနှင့် နည်းပညာပြန့်ပွားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr. Akio Kawakami ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်း (အောင်ဆန်း) စီမံကိန်း အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရေးနှင့် ၂၀၁၈ ခုနှစ်တွင် ကျောင်းစတင်ဖွင့်လှစ်နိုင်ရေး တို့အတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးခမ်ခန့်ထန် နှင့်အတူ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်
Standard (Image)
