ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC)ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Konrad - Adenauer Stiftung (KAS)မှ အထူးကိုယ်စားလှယ် Dr. Norbert Eschborn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဂျာမနီနိုင်ငံ အခြေစိုက် Konrad- Adenauer Stiftung (KAS)နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များအတွက် “Public Relations and Media Relations ’’နှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ရုံးဝန်ထမ်းများ အတွက် စွမ်းရည်မြှင့်တင် ရေးနှင့် ပတ်သက်သော သင်တန်းနှင့် အလုပ်ရုံဆွေးနွေးများအား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းငွေနှင့် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇွန် လ ၇ ရက်
