ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် CHIYODA & PUBLIC WORKS အဖွဲ့မှ MD Nobuhiko Kono အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် Chiyoda ကုမ္ပဏီ၏ ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းတင်ပြခြင်းနှင့် အခြားစွမ်းအင်ထုတ်ယူမှု နည်းပညာပိုင်းဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင် နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၈ ရက်
Standard (Image)
