ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ သံရုံးတာဝန်ခံ သံမှူးကြီး Mr Chen Chen နှင့် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်သံမှူးကြီးမှ မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပိတ်သွားသည့် ကိစ္စနှင့်ပတ်သက်၍ ဘဏ်စာရင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက အလေးထား စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။ ကော်မရှင်ဥက္ကဋ္ဌကလည်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကောင်းမွန်းရန် အတွက် မိမိတို့ အလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ရင်းနီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးစံရွှေအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်
