ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Supreme Trading Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးသုံးစွဲနေမှု အခြေအနေများ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု၌ တိုးတက်ကောင်းမွန်သော နည်းပညာများဖြင့် ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်
Standard (Image)
