ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် Singapore, ACE Pressureweld Int’t (Pre) Ltd., ၏ Business Development Director Ms. Doreen Tay ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် Singapore, ACE Pressureweld Int’t (Pre) Ltd., ၏ Business Development Director Ms.Doreen Tay ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစိုးရပညာသင်ကျောင်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအာဟာရ ထောက်ပံ့ကျွေးမွေးမည့် စီမံကိန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၂ ရက်

  

Standard (Image)