ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Zeya & Associates Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Zeya & Associates Co.,Ltd အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Zeya & Associates ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စွမ်းအင်ထုတ်ယူမှု စီမံကိန်းများ၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မည့် နည်းလမ်းများ၊ ရင်းနှီးမြှုပ်နှံထားရှိမှု အခြေအနေများ၊ စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုနည်းပညာများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်

 

Standard (Image)