ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ စင်္ကာပူနိုင်ငံအခြေစိုက် PRIME အဖွဲ့၏ C.E.O Mr.Kenneth Kyaw Shein ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝသော စားသောက်ကုန်ထုတ်လုပ်မှု နည်းစနစ် များ၊ ရိတ်သိမ်းချိန်လွန်စီမံခန့်ခွဲမှုနည်းပညာများ တိုးတက်မြင့်မားလာစေရေးနှင့် စိုက်ပျိုးရေး အခြေခံစီးပွားရေး မြှင့်တင်နိုင် ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၈ ရက်
Standard (Image)
