ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်အေးနှင့် ကော်မတီအဖွဲ့ဝင်များသည် Norway Power Co.,Ltd အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုလက်မှုပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် လျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေး၊ အရည်အသွေး ကောင်းမွန်သော သန့်စင်စွမ်းအင်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
၂၀၁၇ ခုနှစ် ၊ ဇူလိုင်လ ၆ ရက်
Standard (Image)
