ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ယနေ့နံနက် ၈ နာရီအချိန်တွင် စာချစာသင် (၇၅)နှစ်ပြည့် စိန်ရတုပူဇာမင်္ဂလာ အခမ်းအနားကျင်းပမည့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်သို့ သွားရောက်ပြီး နိုင်ငံတော်သြဝါဒါ စရိယဆရာတော်၊ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်၏ ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ မဟာထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ဆရာတော်ကြီးမှ သြဝါဒစကားပြန်လည်မြွက်ကြားကာ ဗုဒ္ဓဆင်းတုတော် တစ်ဆူ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂ ရက်
