ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင်‌့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Hon. Mr. Madhav Kumar Nepal ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ Hon. Mr. Madhav Kumar Nepal ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေးအတွေ့အကြုံများနှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်