ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၁၉)ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် (၁၁)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး

ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန(၁၉)ဌာန၊ တိုင်းဒေသကြီး/ပြည်နယ် (၁၁)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ဆွေးနွေးရာတွင် ဝန်ကြီးဌာနများမှ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ ပုံမှန် အစည်းအဝေးများတွင် ကတိဖြစ်ခဲ့သော မေးခွန်များ၊ အတည်ပြုခဲ့သော အဆိုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဝန်ကြီးဌာနများအလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃ ရက်