ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်လွှတ်တော်မှ အကူအညီပေးရေးအဖွဲ့ဖြစ်သည့် WFD (Westminster Foundation for Democracy) ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များအပေါ် ရင်းနီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် မေးမြန်းဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးမြသိန်း၊ ဦးမောင်တိုး၊ ဦးခင်မောင်ဦးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၄ ရက်
