(ဂ)- ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံဒေသ၊ ပင်လုံ အရှေ့ကျေးရွာ အုပ်စုရှိတာ ပူရေချောင်းအား ဖြတ်ကျော်ရန်သံကူကွန်ကရစ်တံ တားအလျား(၃၅)ပေ၊အနံ(၁၅)ပေ၊အမြင့်(၁၅)ပေ ရှိတံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၁၁.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

khin mg thiရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နယ်၊ ပင်လုံဒေသ ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ ကျူရုံးကျေးရွာ၊ ဆင်တောင်ကျေးရွာ၊ ကွန်ကံကျေးရွာ သွားလမ်းပေါ်တွင်ရှိသည့် သာပူရေချောင်း ဖြတ်ကျော်သစ်သား တံတား အလျား ၃၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၅ ပေရှိတံတားသည် ကြမ်းခင်းများ၊ အောက်ခံသစ်သား စဉ့်တုံးများအား ရာသီဥတုဒဏ်ကြောင့် လည်းကောင်း နှစ်ပေါင်းများစွာ ဖြတ်သန်းသွားလာ အသုံးပြုမှု များကြောင့် ယိုယွင်းပျက်စီးလျက်ရှိပါသည်။ ထို့ကြောင့် အချိန်မီပြုပြင် အသစ်တည်ဆောက်ပေးရန် ရွာမိရွာဖများမှ တင်ပြလာပါသဖြင့် ဒေသအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပင်လုံဒေသ ပင်လုံအရှေ့ကျေးရွာ အုပ်စုရှိ တာပူရေချောင်းအားဖြတ်ကျော်၍ သံကူကွန်ကရစ်တံတားတစ်စင်း အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

dr tun winရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံအရှေ့ ကျေးရွာအုပ်စုရှိ တာပူရေချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသည့် တံတား ၃၅ ပေ x ၁၄ ပေ x ၁၅ ပေ လုပ်ငန်းတွင် ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်/တိုင်းဒေသကြီးမှ စိစစ်တင်ပြသည့် ဦးစားပေးလျာ ထားမှုတွင် ပါဝင်ခဲ့ခြင်းမရှိပါ၍ လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ၂၀၁၆-၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။