(ဂ)-မောက်မယ်မြို့နယ်၊ ကဒူးလေးကျေးရွာရှိ နမ့် ဟုတ်သစ်ရိုက်ကျောက်ဖြည့်ဆည်အားကွန်ကရစ် ဆည် အဖြစ်ဆောင်ရွက်ပေးမည့်အစီအစဉ်နှင့်က ဒူးလေးကျေးရွာရေဝေမြောင်းလက်တံအားကျောက် စီ ရေသွယ်မြောင်းဖြင့် ရေထိန်းတံခါးအား ဆောင် ရွက်ပေးမည့်အစီအစဉ်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၆.၅.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

sai ngaung seng heinနမ့်ဟုတ်ရေထွက်ကို အမှီပြုထားသော နမ့်ဟုတ်ဆည်သည် န.ပ.တ အစိုးရလက်ထက်တွင် တည်ဆောက်ပေးခဲ့သည့် သစ်ရိုက်ကျောက်ဖြည့်ဆည် အမျိုးအစားဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်၏ ဒေသထွက်ကုန်ဖြစ်သော ဥယျာဉ်ခြံသီးနှံ တစ်ခုဖြစ် သည့် ရှောက်ချိုသီးခြံများနှင့် လယ်ယာလုပ်ငန်းခွင်အတွက် အားကိုးရသော ဆည်တစ်ခုဖြစ်ပါကြောင်း၊ ဤချောင်းမြေပေါ်တွင် ကျေးရွာများမှ သောက်သုံးရေအဖြစ် ထုတ်ယူသုံးစွဲနေကြရပါကြောင်း၊ ယခုအခါ ဆည်၏ကျောက်ဖြစ်နံရံများပြိုကျခြင်းကြောင့် စနစ် တကျရေခွဲဝေပေးနိုင်သည့်အနေ အထားမရှိသည့်အတွက ေ်တာင်သူများမှ နှစ်စဉ်ပြုပြင်မွမ်းမံနေကြရသည့်အပြင် ကဒူးလေး ကျေးရွာ ရေဝေမြောင်းလက်တံမှာလည်း လက်ရှိလယ်/ယာမြေ ထက် ပိုမိုနိမ့်နေသဖြင့် ရွာသူ/သားများမှ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် နှစ်စဉ်ကျောက်စီ နံရံဆောင်ရွက်နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်၊ နမ္မတူကျေးရွာအုပ်စု ကဒူးလေးကျေးရွာရှိ နမ့်ဟုတ်ဆည် (ခေါ်) နမ့်ဟုတ် သစ်ရိုက်ကျောက် ဖြည့်ဆည်အား ကွန်ကရစ်ဆည်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိနှင့် ကဒူးလေးကျေးရွာ ရေဝေမြောင်း လက်တံအား ကျောက်စီရေသွယ်မြောင်း ‌ရေထိန်းတံခါးတို့ဖြင့် စနစ် တကျ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

dr aung thuရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ နမ့်လွတ်ကျေးရွာအုပ်စု၊ ကဒူးလေးကျေးရွာရှိ နမ့်ဟုတ်သစ်ရိုက် ကျောက်ဖြည့်ဆည်သည် နမ့်ဟုတ်ရေထွက်ချောင်းပေါ်တွင် တည်ရှိပြီး ယင်းဆည်အား ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားခြင်းမရှိဘဲ ဒေသမှထိန်းသိမ်း ထားခြင်းကြောင့် တောင်သူများစိုက်ပျိုး ရေရရှိရေးအတွက် များစွာအထောက်အကူ ပြုနိုင်သည့်ရေအား အဆောက်အဦ တစ်ခုဖြစ်သည်ဟု သိရှိရပါကြောင်း၊ ယခုအခါ အဆိုပါသစ်ရိုက်ေ ကျာက်ဖြည့်ရေလွှဲ ဆည်၏  ကျောက်ဖြည့်နံရံများ ပြိုကျပျက်စီးနေခြင်း၊ ရေပေးတူးမြောင်းများ ပျက်စီးလျက်ရှိခြင်း၊ ရေထိန်းတံခါးစနစ် တကျ ထည့်သွင်းတည်ဆောက်ထားမှု မရှိ ခြင်းတို့ကြောင့် ရေယူ စိုက်ပျိုးနေ ရသဖြင့် စိုက်ပျိုးရေ ပြည့်စုံ လုံလောက်စွာ ပေးဝေနိုင်ခြင်းမရှိဘဲ အခက်အခဲ များဖြစ်ပေါ်လျက်ရှိသည်ကိုတွေရရှိရပါကြောင်း၊ နမ့်ဟုတ်သစ်ရိုက်ကျောက်ဖြည့်ဆည်ကို ကွန်ကရစ်ရေလွှဲဆည်အဖြစ် အခိုင်အမာ တည်ဆောက်ခြင်း၊ ရေထိန်း တံခါး တည်ဆောက်ခြင်း၊ ရေပေး တူးမြောင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ပါက ကဒူးလေးကျေးရွာမှ လယ်ယာမြေဧရိယာ ၉၃၀ ဧကကို စိုက်ပျိုးရေပြည့်စုံလုံလောက်စွာ ရေပေးဝေနိုင်မည့်အပြင် ရာသီအလိုက် စိုက်ပျိုးနေသော ခြံသီးနှံများ အတွက်လည်း စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်သကဲ့သို့ ဒသခံ ပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်လည်း သောက်သုံးရေရရှိစေပါကြောင်း၊ နမ့်ဟုတ်ကွန်ကရစ်ရေလွှဲဆည်ကို အကျယ် ၆၀ ပေ၊ အမြင်‌့ ၁၀ ပေ တည်ဆောက်ရ မည်ဖြစ်ပြီး ရေထိန်းတံခါးတည်ဆောက်ခြင်းနှင့် ရေပေးတူးမြောင်းပြုပြင်ခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပေးနိုင်ရန် အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၃၀၀ ခန့် လိုအပ်မည်ဟု ခန့်မှန်းတွက်ချက်ရရှိပါကြောင်း၊  သို့ပါ၍ နမ့်ဟုတ် ကွန်ကရစ်ရေလွဲဆည်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည့်ရန်ပုံငွေကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ မူလရန် ပုံငွေစာရင်းတွင် တင်ပြတောင်းခံထားမှု မရှိပါ သဖြင့် ပြည်နယ် အစိုးရ၏ ဖြည့်စွက် ရန်ပုံငွေစာရင်းတွင် တင်ပြတောင်းခံသွားမည်ဖြစ်၍ ရန်ပုံငွေရရှိမှုအပေါ် အခြေခံ၍ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါအကြောင်း ရှင်းလင်းဖြေကြားပါသည်။