(င)-ကျွန်းကလေးတံတား နေရာတွင် ၂ လမ်းသွား သံကူကွန်ကရစ်တံတားဖြင့်အစားထိုးတည်ဆောက် ပေးရန်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်လျာထားသတ် မှတ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၀) ရက်မြောက်နေ့ (၂၄.၈.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u kyaw minကျွန်းကလေးတံတား (တံတားအမှတ် (၃/၈၉))သည့် ကျွန်းကလေး- လက်ပံတန်း ဆောက်လုပ် ရေးပိုင်လမ်းပေါ်တွင်ရှိပြီး အရှည် ၁၃၀ ခန့်၊ အကျယ် ၁၂ ပေရှိသည့် သံဘေလီအမျိုးအစား တစ်လမ်းမောင်းတံတားဖြစ်ပါကြောင်း၊  တံတား၏သက်တမ်းကို တိတိကျကျမသိရသော်လည်း စာရေးဆရာ မန်းတင်၏ မြို့ပိုင်မောင်ပြုံးချိုရဲ့ဘဝ အထွေထွေစာအုပ်တွင် ကျွန်းကလေး တံတား ခေါင်းစဉ်ဖြင့် ဆောင်းပါးအရ ၁၉၄၂ ခုနှစ်တွင် ဂျပန်နှင့် ဘီအိုင်အေတပ်များ အင်္ဂလိပ်ကို တော်လှန်ချိန်တွင် ယခုကျွန်းကလေးတံတားကို မိုင်းခွဲချိုးဖျက်ဖျက်ဆီးခဲ့ဟူ၍ တွေ့ရှိပါကြောင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် တံတားကြီးသည် တဖြည်းဖြည်းနှင့် အလယ်ပိုင်းက ကွေးလာသည့် အတွက် သစ်သားထောက်များနှင့် ပြုပြင်သုံးစွဲနေရပြီ တံတား၏ ခံနိုင်ဝန်အားမှာ ၁၀ တန်မျှကပင် မရှိပါကြောင်း၊ ယခုအခါ မိမိတို့မြို့သို့ သွားရောက်ရာ၌ ရန်ကုန်- ပြည်လမ်းမှ ကြေးနီ တံတား အသစ်ဘက်က သွားရောက်နေရပါကြောင်း၊  ကျွန်းကလေးတံတားကို အသုံးပြုနိုင်ပါက ပေ ၁၁၀၀၊ ၁၂၀၀ ကြေးနီဘက်က သွားရောက်ပါက ခရီး တစ်မိုင်နှင့် သုံးဖာလုံရှိပါကြောင်း၊ ထို့ကြောင့် ကျွန်းကလေးတံတားကို သံကူကွန်ကရစ်ဖြင့် ခေတ်မီတံတားအဖြစ် တည်ဆောက် ပေးရန် အစီအစဉ် ရှိ/ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u kyaw linnပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း-ကျွန်းကလေး လမ်းသည်  ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် တိုင်း ဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊  မိုင်တိုင်(၈၈/၃)နှင့် (၈၈/၄)ကြားတွင် ရှိသော တံတားအမှတ်(၃/၈၉) ကျွန်းကလေးတံတားသည် အရှည် ၁၃၀ ပေ ခန်းဖွင့် ၄၅ ပေ၊  ၂ ခန်း၊ ၂၀ ပေ ၂ ခန်း၊ ၁၂ ပေ ၆ လက်မ အကျယ် Triple Single ဘေလီတံတား အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်သည် ၁၃ တန်ဖြစ်ပါကြောင်း၊ တစ်နေ့တာ ဖြတ်သန်းသွားလာသည့် ပျမ်းမျှ ယာဉ် စီးရေသည် စုစုပေါင်း ၂၀၀၀ ကျော်ဖြစ်ပါကြောင်း၊

ကျွန်းကလေးတံတားသည် ဒုတိယကမ္ဘာစစ် ၁၉၄၂ ခုနှစ်တွင်လည်းကောင်း၊ ၁၉၄၅ ခုနှစ် မဟာမိတ်များပြန်လည်ဝင်ရောက်ချိန်တွင်လည်းကောင်း၊ ၁၉၄၉ ခုနှစ် ဧပြီလ ပြည်တွင်း သောင်းကျန်းမှု ကာလတွင်လည်းကောင်း၊  ၁၉၄၉ ခုနှစ်တွင် ပျက်စီးခဲ့သောတံတားကို ပြန်လည် တည်‌ဆောက်ပြီး တံတားဖွင့်ရန် ၂ ရက်အကြာတွင်လည်းကောင်း စုစုပေါင်း ၄ ကြိမ်  ပျက်စီးခဲ့ ပါ ကြောင်း၊ ကျွန်းကလေးတံတား၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ကျော် ဖြစ်သည့်အတွက် နှစ်လမ်းသွားသံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ၌ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။