|
အမည် |
ဦးခင်မောင်ရည် |
|
အခြားအမည် |
ဦးခိုင်မောင်ရည် |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/တမန(နိုင်)ဝ၉၃၀၅၅ |
|
မွေးသက္ကရာဇ်/အသက် |
၂၁-၁၀-၁၉၆၉ /(၄၂)နှစ် |
|
မွေးဖွားရာဇာတိ |
ကောလင်း |
|
ပညာအရည်အချင်း |
အထက်တန်း |
|
လက်ရှိအလုပ်အကိုင် |
စာရေးဆရာ၊ ဒါရိုက်တာ၊ ဂျပန်ဘာသာနည်းပြ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘဌေး (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်တင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ရွှေစိန်၊ ၁၃/လရန(နိုင်) ၀၂၈၂၈၀၊ ထုတ်လုပ်သူ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ရည်ဇင်ကိုကို၊ ကျောင်းသား၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၂၂)၊ ကမ်းနားလမ်း၊ ထီးတန်းရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အလုံ (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ကောလင်းမြို့နယ် တဲကြီးကုန်းကျေးရွာ မူလတန်းကျောင်း၊ မင်းချမ်းရွာ အလယ် တန်းကျောင်းနှင့် ကောလင်းမြို့ အထက်တန်းကျောင်းတို့တွင် တက်ရောက်ခဲ့ပြီး အထက်တန်း အောင်မြင်ခဲ့သည်။ နာဂစ်မုန်တိုင်းဒဏ်ခံ ဒေးဒရဲမြို့ ကျေးရွာများ၊ ကွမ်းခြံကုန်းမြို့ကျေးရွာများသို့ သွားရောက်၍ ဆန်၊ ဆီ၊ အဝတ်အစား၊ အမိုးအကာ၊ ဒန်အိုး၊ ငွေကြေးနှင့် ဆေးဝါးလှူဒါန်းခြင်း၊ ရန်ကုန်တက္ကသိုလ်ဆေးရုံအပေါ် လဲကျနေသော သစ်ပင်များ၊ ပန်းခြံအပျက်အစီးများကို မိမိ၏ Ya Ya Ya ဂျပန်သင်တန်းကျောင်းမိသားစုများမှဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် စစ်ဘက်၊ အရပ်ဘက်မိတ်ဆွေများမှ ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ နိုင်ငံတော် အကြီးအကဲ အိမ်တော်ဝင်းတွင် မိိသားစုဝင်များ သင်္ကြန်ကာလလုံခြုံစိတ်ချရသော အစားအသောက်များ စီစဥ် ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပဲခူးမြို့သို့ ထွက်လာစဥ် မြို့အဝင်၌ ဖမ်းဆီးခံရသည်။ ဖမ်းဆီးစဥ် စွပ်စွဲထားသော ကိစ္စရပ်များနှင့် သက်ဆိုင်မှုမရှိသော်လည်း ၈၈ အရေးအခင်းတွင် ပါဝင်ပက်သက် မှုများ၊ ဆောင်ရွက်ခဲ့မှုများအရ ပုဒ်မ ၅(ည)ဖြင့် ပဲခူးမြို့နယ်တရားရုံမှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ၁၉၉၄ ခုနှစ်၊ သြဂုတ်လတွင် လျော့ရက်ဖြင့် မန္တလေး (အိုးဘို) ထောင်မှ လွတ်ခဲ့သည်။ ထောင်မှလွတ်လာပြီးနောက် နိုင်ငံတကာစာပေများသင်ယူခြင်း၊ ဂျပန်ဘာသာစာပေယဥ်ကျေးမှုနှင့် ရုပ်ရှင်ဗီဒီယိုရိုက်ကူးထုတ်လုပ်တည်းဖြတ် ပညာများဆည်းပူးသင်ယူလျက် မဂ္ဂဇင်း၊ ဂျာနယ်၊ မှုခင်းရှုထောင့်၊ မြို့တော် သတင်းစာတို့တွင် ဆောင်းပါး၊ အကျိုးပြုစာပေများ ရေးသားခြင်း၊ ဇာတ်ညွှန်း၊ ဝတ္ထု၊ ဗီဒီယိုဒါရိုက်တာ၊ ထုတ်လုပ်သူအဖြစ် အဆင့်ဆင့်လုပ်ကိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှစ၍ ဂျပန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (EJU) ကို မြန်မာနိုင်ငံတွင်ကျင်းပခဲ့ရာ (Japan and The World – Liberal Arts) ဘာသာရပ်ကို ယနေ့ထက်တိုင် သင်ကြားပို့ချပြီး မြန်မာကျောင်းသားများအား ဂျပန်တက္ကသိုလ်သို့ တက်ရောက်နိုင်ရန် လမ်းညွှန်ပေးခဲ့သည်။ |
