(ဃ)-တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ချောင်းနယ် လက်ယာကမ်း ဆည်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၅) ရက်မြောက်နေ့ (၂၈.၇.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

ni ni may myintတောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စုပိုင် ချောင်းနယ်လက်ယာ ကမ်းဆည်ဟာဆိုရင် ၂၀၁၆ ခုနှစ်မှစတင်ပြီး ဆောက်လုပ်ခဲ့သည့် ဆည်ကြီးတစ်ဆည်ဖြစ်ပြီး သက်တမ်းမှာလည်း ၂၂ နှစ်ခန့်ကြာပြီဖြစ်ပါကြောင်း၊ ၂၆၄၀၀၀ ပေ ရှည်လျားပြီးအောက်ခြေ ၇ ပေ၊ အမြင့်ပေ ၄ ပေ၊ ထိပ်ဝ အကျယ် ၃ ပေဖြင့်တောင်သူ ၈၄ ဦးက ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ခဲ့သည့်ဆည်ကြီး ဖြစ်ပြီး လယ်ဧက ၇၅၀ ဖြင့် လုပ်ကိုင်စားသောက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊

ဆည်တည်ဆောက်ပြီးသည့်အချိန်မှ ၂၀၁၃ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ခြင်း မရှိသည့် အတွက် ဆန်စပါးအထွက်နှုန်းကောင်းမွန်ခဲ့သဖြင့် ဆည်တောင်သူ ၈၄ ဦး၏ မိသားစု စားဝတ်နေရေး အဆင်ပြေခဲ့ပါကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများတွင်ည ဖြစ်ပေါ်ခဲ့သည့် ထူးကဲဒီရေကြောင့် ဆားငန်ရေစတင်ဝင်ရောက်ခဲ့ပါကြောင်း၊ ၎င်းအချိန်ကစပြီး တောင်သူများ မှာ နှစ်စဉ်နှစ်တိုင်း ကိုယ်ထူကိုယ်ထနဲ့ ဆည်ကြီးကို ပြုပြင်ခဲ့ကြသော်လည်း နည်းစနစ် တကျမရှိသည့် အတွက် ဒီနေ့ထိ ဒုက္ခရောက်နေကြရပါကြောင်း၊ မိသားစုများမှာသည်း ၎င်းဆည်ကြီး ကို အားကိုး၍ လယ်ယာလုပ်ကိုင်ကြရတာဖြစ်သည့် အတွက် သားသမီးများ၏ ပညာရေး၊ ကျန်းမာ‌ရေး အတွက် အဆင်မပြေဖြစ်နေကြပါကြောင်း၊ အမှန်တကယ်လိုအပ်သည့်ကိစ္စ ဖြစ်သည့်အတွက် ဝန်ကြီးဌာနမှ အောက်ခြေအထိ ကွင်းဆင်းပြီး စနစ်တကျဖြင့် ဆည်ကြီးကို ရေရှည် ခိုင်မာအောင် လုပ်ဆောင်ပေးရန် လိုအပ်နေပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

hla kyawချောင်းနယ်လက်ယာကမ်းဆည်သည်  ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာအုပ်စုမှာ တည်ရှိပါတယ်။ ၁၉၉၇ ခုနှစ်တွင် ကျေးရွာပြည်သူ လူထုများမှ ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် ဆည်အသွင်သဏ္ဍာန်ထက် လယ်သမားတာဖြစ်ပါကြောင်း၊ အလျားပေ ၂၆၄၀၀ ရှည်လျားပြီး လယ်ယာမြေဧက ၈၃၀ ကို ရေငန်ဝင်ရောက်မှုမှ ကာကွယ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ လယ်သမားတာသည့် လက်ရှိအခြေအနေတွင် ပြန်လည်မြေဖို့ပြုပြင်ရန် လိုအပ်လျက်ရှိပြီး တာအတွင်းမှာရှိသည့် ၅ ပေ x ၆ ပေ နှစ်ပေါက်ရေတံခါးတစ်ခုမှာလည်း ပျက်စီးယိုယွင်းလျက် ရှိသည့် အတွက် အသစ်ပြန်လည်ပြုပြင်တည်ဆောက်မှရမှာဖြစ်သည့်အပြင် တာအတွင်းမှာရှိသည့် ကွင်းရေ တွေကိုလည်း ပိုမိုထုတ်နုတ်နိုင်ရေးအတွက် ၅ ပေ x ၆ ပေ နှစ်ပေါက်ရေတံခါးတစ်ခု ထပ်မံတည်ဆောက်ပေးဖို့အတွက် လိုအပ်လျက်ရှိပါကြောင်း၊ လယ်သမားတာ ‌မြေပြုပြင်ခြင်းနှင့် ရေထိန်း တံခါးနှစ်ခုတည်ဆောက်ခြင်းလုပ်ငန်းများ အတွက်  ဆောင်ရွက်ဖို့ ခန့်မှန်းကုန်ကျငွေမှ ကျပ် သန်းပေါင်း ၃၈၄ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း ၊ အဆိုပါလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် အတွက် ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် လိုအပ် ရန်ပုံငွေများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ် ရန်ပုံငွေ တွင် ထည်‌့သွင်းတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။