(ည)-ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ခန်းမအား ပုဂ္ဂလိကအဖွဲ့အစည်းသို့ ငှားရမ်းခဲ့ခြင်းနှင့် နိုင်ငံ တော် အခမ်းအနား၊ ပညာပေးပြခန်းနှင့် တွေ့ဆုံ ပွဲများ ပြုလုပ်နိုင်ရန် မြို့နယ်ခန်းမအား ပြန်လည် တောင်းယူပေးရန် အစီအစဉ် ရှိ/ မရှိ တို့နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၇.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u aye naingမိမိမြို့နယ်တွင် မြို့နယ်ခန်းမကို နေ့ထူးနေ့မြတ်အခမ်းအနားဖြစ် အများပြည်သူများ တက်ရောက်၍ အခမ်းအနားများ ကျင်းပနိုင်ပါကြောင်း၊ နောက်မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ ပညာရေးအသိပညာပေးရေး၊ ကျန်းမာရေးအသိပညာပေးရေးစသည့် ပညာပေးပြခန်းများအဖြစ်လည်း ဆောင်ရွက်နိုင်ပါကြောင်း၊ သို့သော်လည်း ယခုအခါ မြို့နယ်ခန်းမအား ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုကို ငှားရမ်းထားရှိပြီး အမြဲတမ်းတံခါးပိတ်ထား၍ အများပြည်သူနှင်‌့ သက်ဆိုင်သည့် အခမ်းအနားများ၊ တွေ့ဆုံပွဲများ၊ ပြခန်းများအသုံးပြု ဆောင်ရွက်ခွင့်မရရှိတော့ပါကြောင်း၊ သို့ပါ၍ အများပြည်သူနှင်‌့သက်ဆိုင်သည့် မြို့နယ်ခန်းမအား မည်သည့်ရည်ရွယ်ချက်၊ အကြောင်းပြချက်ဖြင့်၊ မည်သည့်ဈေးနှုန်းဖြင့်၊ ငှားရမ်းထားပါသနည်း။ မြို့နယ်ခန်းမအား အများပြည်သူနှင်‌့ သက်ဆိုင်သော အခမ်းအနားများ ပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြန်လည်တောင်းယူပေးပါရန်နှင်‌့ တောင်းယူပေးမည့် အစီအစဉ်ရှိ/မရှိ ရှိပါက မည်သည့်အချိန်ကာလတွင် ပြန်လည်တောင်းယူပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကောင်စီဝင် ဦးအောင်မြင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ag myint tunဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ခန်းမသည် မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၁၉၉၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်ရောက်သည့်အခါတွင် မြို့ပြနှင်‌့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကနေပြီးတော့ ရန်ကုန်စည်ပင်သာယာရေးကော်မတီကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲလိုကော်မတီက လွှဲပြောင်းရယူပြီးတဲ့နောက်ပိုင်းမှာ ပြင်ဆင်ထိန်းသိမ်းစရိတ် ကာမိဖို့ ရာ နောက်တစ်ဖက်တစ်လမ်းကလည်း မြို့နေပြည်သူလူထုငှားရမ်းခ သက်သက်သာသာဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်နိုင်ပါကြောင်း၊ ခန်းမငှားရမ်းခ နှုန်းသက်သာစေရန်အတွက် ငှားရမ်းခအနေဖြင့် စည်ပင်သာယာရေးကော်မတီအနေနှင့် တစ်ဂျူတီ ၂ နာရီကို ၁၅၀၀၀ ကျပ်သာ ရရှိခဲ့ပါကြောင်း၊ သို့သော်လည်း အခမ်းအနားပြင်ဆင်မှု ကုန်ကျစရိတ်များအရလည်းကောင်း၊ လူနေကျဲပါးပြီးရပ်ကွက်နှင်‌့ အလှမ်းဝေးသည့် နေရာဖြစ်ခြင်းကြောင့်လည်းကောင်း၊ သွားရေးလာရေး အဆင့်မပြေမှုများ ဖြစ်သည့်အတွက်ကြောင့်လည်းကောင်း ငှားရမ်းအသုံးပြုသူ နည်းပါးသည့်အတွက် သက်ဆိုင်ရာဌာနများ၏ ဟောပြောပွဲ၊ ပို့ချပွဲများကို အခမဲ့အသုံးပြုခွင်‌့ တောင်းခံမည်ဆိုလျှင် ခွင့်ပြုချက်ပေးပြီး အခမဲ့ ငှားရမ်းမှုများကိုသာ ရှိနေခဲ့ပါကြောင်း၊ ယခုလို နည်းပါးလာသည့်အတွက် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ နောက်ပိုင်းကာလတွင် လုံဝငှားရမ်းရမှုမရှိသည့် အခြေအနေဖြစ်လာပါကြောင်း၊ ထို့ကြောင့် ခန်းမကို ပြုပြင်ထိန်းသိမ်းမှုမရှိနိုင်သည့် အခြေအနေဖြစ်သည့်အတွက် ယိုယွင်းပျက်စီးလာပြီး အမိုးမျက်နှာကျက်များ၊ အခင်း၊ အကာများ ဆွေးမြည့်ပေါက်ပြဲလာပါကြောင်း၊ ထိုအခြေအနေမျိုးတွင်လည်း Forever Group Co. Ltd မှ ပြည်သူ့အကျိုးပြု ရုပ်သံလိုင်းများနှင့် ဆက်စပ်ရိုက်ကူးရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန်အတွက် ခန်းမနေရာနှင်‌့ ခန်းမတည်ရှိရာဝန်းအားငှားရမ်းခွင်‌့၊ လုပ်ကိုင်ဆောင်ရွက်ခွင့် အဆိုပြုတင်ပြခဲ့သည့်အတွက် ခွင့်ပြုခဲ့ပါကြောင်း၊ ယခုလိုခွင့်ပြုသည့်အခါတွင် Company ၏ အစီအစဉ်ဖြင့် ခန်းမကြီးကို မူလပုံသဏ္ဍာန်မပျက် ပြုပြင်ပြီး အဆင်‌့မီရိုက်ကူးရေး လုပ်ငန်းများအတွက် စတူဒီယိုတည်ဆောက်ရန်လည်း သဘောတူခဲ့ပါကြောင်း၊

ထိုသဘောတူညီချက်တွင် ဒေသဆိုင်ရာ၊ ဌာနဆိုင်ရာများတွင် ပြည်သူလူထု အခမ်းအနားရှိလျှင် တစ်လနှစ်ကြိမ်၊ အခမဲ့ဆောင်ရွက်ခွင့် ကြိုတင်အသိပေးပါ ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ထိုက်သင်‌့သည့် အခမ်းအနားပြင်ဆင်ပေးရန်ကိုလည်း စာချုပ်စည်းကမ်းထဲတွင် ထည့်သွင်းချုပ်ဆိုထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ငှားရမ်းခကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ငါးနှစ်ကို နှစ်စဉ်သက်တမ်းတိုး စာချုပ်ပါ အချိန်မရွေး ဖြတ်၍ရသည်ဆိုသည့် သဘောဖြစ်ပါကြောင်း၊ နှစ်စဉ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုပြီး ကနဦးနှစ်အတွက် တစ်လငှားရမ်းခ ကျပ်သိန်း ၅၀ ဖြင့် ငှားရမ်းခြင်းဖြစ်ပါကြောင်း၊ နောက်နှစ်အတွက် ငှားရမ်းခ စာချုပ်တိုင်းစာချုပ်တိုင်းတွင် ငါးရာခိုင်နှုန်းတိုးမြှင်‌့ ပေးဆောင်သွားရန် သဘောတူညီချက်ဖြင့် ရန်ကုန်စည်ပင်သာယာရေး ကော်မတီအစည်းအဝေးက အတည်ပြုချက်နှင့် ငှားရမ်းထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအေးနိုင် (ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တစ်လကိုနှစ်ကြိမ် အသုံးပြုခွင့် တောင်းခံပါမည်ဆိုလျှင်လည်း ပေးမည်ဆိုသည်မှာ ဒီနေ့အထိ ဌာနဆိုင်ရာ အားလုံးကလည်း ထိုအဖြစ်အပျက်ကိုမသိပါကြောင်း၊ ဆောင်ရွက်ရန်အတွက်လည်း တရားဝင်အကြောင်း ကြားခြင်းလည်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်ခန်းမဆိုသည့်အတိုင်း မြို့နယ်နေပြည်သူများ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်စည်ပင်သာယာရေး ကော်မတီမှ ပြန်လည်ရယူပေးရန် အစီအစဉ်ရှိ/မရှိကို တစ်ဆက်တစ်စပ်တည်း မေးမြန်းလိုပါသည်။

ကောင်စီဝင်၊ နေပြည်တော်ကောင်စီ၊ ဦးအောင်မြင်‌ထွန်း

ရန်ကုန်စည်ပင်သာယာရေး ကော်မတီအနေနှင့် နှစ်စဉ်သက်တမ်းနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုထားသည်ဟု ဆိုသည်မှာ နှစ်စဉ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသည့်အတွက် ၎င်းတို့ကမကျေနပ်သည့် အချိန် သို့မှမဟုတ် ပြည်သူလူထုက ထိုကိစ္စကို မကျေနပ်သည့်ကြောင်း ပြောကြားမည့်အချိန်၊ ခန်းမကိုပြန်လည်ပြီး ပြုပြင်မွမ်းမံပြင်ဆင် စရိတ်များ ရှိနေသည့်အချိန်များတွင် ထည့်သွင်းစဉ်းစာနိုင်မည်ဟု ယူဆပါကြောင်း ရှင်းလင်းဖြေကြားပါသည်။