မေးခွန်း အကြောင်းအရာ
အမှတ် (၅၁၄) ခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားရှိသည့် လယ်ယာမြေနှင့် ပတ်သက်သည့် ကိစ္စအား ရှမ်းပြည်နယ်လွှတ်တော်မှတစ်ဆင့် ၂၀-၈-၂၀၁၆ ရက်စွဲဖြင့် မိုင်ကိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံမှ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် မရှိပါက နစ်နာကြေးပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့ရာ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိကြောင်းကို ရှမ်း ပြည်နယ်လွှတ်တော်ရုံးမှတစ်ဆင့် ၂၇-၉-၂၀၁၆ ရက်နေ့တွင် ပြန်ကြားခဲ့ပြီး နစ်နာကြေးကိစ္စအတွက် ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောထားအား မေးမြန်းသင့်သည်ဟု အကြောင်းပြန်ကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အမှတ် (၅၁၄) ခြေမြန်တပ်ရင်းမှ သိမ်းဆည်းထားသည့် မိုင်းကိုင်မြို့နယ်၊ မြို့မကျေးရွာ အုပ်စု ကွင်းအမှတ် ၁၃၅ (က) ဦးစိုင်းလုံခမ်း၏ လယ်မြေ ၁.၃၈ ဧကနှင့် ပန်ကတ်အနောက်ကွင်းမှ ဦးစိုင်းဆိုင် (ခ) အိုက်စိုင်း၏ လယ်မြေ ၈.၅၆ ဧက စုစုပေါင်း လယ်မြေ ၉.၉၄ ဧကတို့သည် ခိုင်လုံသောသက်သေ အထောက်အထားများဖြင့် ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ဘိုးဘွားပိုင်လယ်မြေများ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သိမ်းဆည်းခံလယ်မြေများအတွက် ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော လယ်သမား များ၏ နစ်နာမှုများအား ဒေသကာလ တန်ဖိုးနှင့်အညီ နစ်နာကြေးအား မည်သို့စီစဉ်ထောက်ပံ့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်မြေ ၉.၉၄ ဧကသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်စွဲပါ စာအမှတ်၊ ၁၂/ ၁၃/ အခ(၄) ဖြင့် မြေပေးမိန့်ရရှိခဲ့ပြီးဖြစ်သည့် အမှတ် (၅၁၄) ခြေမြန်တပ်ရင်း၏ တပ်ပိုင်မြေဧရိယာအတွင်းတွင် ပါဝင်ခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
