(ခ)-ကျောက်ပန်းတောင်း မြို့နယ်ရှိ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအားခုတင်(၁၀၀)ဆံ့ဆေးရုံကြီး အဖြစ်အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u shwe ko၂၀၁၆ ခုနှစ်အထိ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကို တက်ရောက်သည့် အတွင်းလူနာအရေအတွက် ၆၀၅၀ ရှိပြီး အပြင်လူနာအရေအတွက် ၂၈၁၁၂ ဦးရှိပါကြောင်း၊ မိမိတို့မြို့နယ်၏ ကျန်းမာရေးအခြေအနေကို ပြောရမည်ဆိုလျှင် မိမိတို့မြို့နယ်တွင် မပြည့်စုံသည့်အတွက် ညောင်ဦးဆေးရုံနှင့် မန္တလေးဆေးရုံကို သွားရောက်ဆေးကုသကြရပါကြောင်း၊ ညောင်ဦးဆေးရုံကို သွားသည့်အခါတွင် ကားခသည် ၃၅၀၀၀ မှ ၅၀၀၀၀ အထိ ရှိပြီး မန္တလေးကိုသွားမမည်ဆိုလျှင်လည်း သိန်းနှင့်ချီပြီးသွားရောက် ကုသရပါကြောင်း၊ မိမိတို့မြို့နယ်၏ မြို့တည်နေပုံ၊ ဆေးရုံ၏တည်နေပုံသည် မြို့နယ်၏ အလယ်တွင် မကျရောက်ဘဲ ချောက်မြို့နယ်နယ်စပ်နှင့် ညောင်ဦးနယ်စပ်အနီးတွင် မြို့နယ်ဆေးရုံရှိသည့်အတွက် ၎င်း ဆေးရုံကို အဆင့်တိုးမြှင့်ပေးလိုက်လျှင် မြို့နယ်တွင်ရှိသည် လူ ၃၀၀၀၀၀ ကျော် အကျိုးပြုရုံမက ချောက်မြို့နယ်ရှိ ၁၄ ရွာ၊ ၁၅ ရွာနှင့် ညောင်ဦးမြို့နယ်ရှိ ရွာ ၃၀ ကျော်အတွက်လည်း အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်ရှိသည့် ဆေးရုံဝန်းထဲတွင် အဆောက်အဦ ၂၂ လုံး၊ နှစ်ထပ်ဆောင်ကြီးနှင့် မျက်စိကုဆောင်တစ်ဆောင်အပါအဝင် ၁၂ လုံးသည် မြို့နယ်သူ/သားများ ဆောက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပင်မအဆောင်ကြီး အပါအဝင် ရှစ်ဆောင်ကို အစိုးရနှင့် မြို့နယ်သူ/သားများ ပူးပေါင်း၍ ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အစိုးရမှဆောက်သည်မှာ နှစ်ဆောင်သာရှိပါကြောင်း၊ ထို့ကြောင့် မြိုနယ်သူ/သားများ၏ အားထားချက်၊ လိုလားချက်ကို ထောက်ရှုပြီး မိမိတို့မြို့နယ်ကို ခုတင် (၅၀) ဆံ့ ဆေးရုံမှ ခုတင် (၁၀၀) ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေးပါရန်နှင့် တိုးမြှင့်မပေးနိုင်ပါကလည်း မည်သည့်အတွက်ကြောင့်နည်း၊ တိုးမြှင့်ပေးနိုင်မဆိုပါကလည်း မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကုသရေးဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်တွင် လူဦးရေ ၂၆၀၀၀၀ ကျော် နေသည်ကို 2014, Population Census စာရင်းအရ သိရှိရပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ခုတင် (၅၀) ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ၊ ပွေးကျစ်တိုက်နယ်ဆေးရုံ၊ လက်ပံပြားတိုက်နယ်ဆေးရုံ၊ ပုပ္ပါးသံဃာ့ဆေးရုံနှင့် ပုပ္ပါးတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ (၅) ရုံကို ကျန်းမာရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ညောင်ဦးမြို့နယ်ဆေးရုံနှင့် ၃၄ မိုင်၊ ပုပ္ပါးတိုက်နယ်ဆေးရုံ ၈ မိုင်၊ ပုပ္ပါး သံဃာ့ဆေးရုံနှင့် ၇ မိုင် ကွာဝေးပြီး ရန်ကုန်-မန္တလေးလမ်းဆုံလည်းဖြစ်ပါကြောင်း၊ သို့သော် စာရင်းဇယားများကို ကြည့်လိုက်လျှင် ဆေးရုံခွင့်ပြုအသုံးချမှု ရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ (၄/၂၀၁၆) ဆုံးဖြတ်ချက် ဖြစ်ပါကြောင်း၊ ခုတင် (၅၀) မှ ခုတင် (၁၀၀) ကို တက်မည်ဆိုလျှင် ခုတင်အသုံးချနိုင်နှုန်းသည် ၁၅၀ ရှိရပါမည်၊ မိမိတို့ပြန်လည် လေ့လာသည့်အခါ ခုတင်က ၁၅၀ မရှိပါသေးပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၁၀၀၊ ၂၀၁၆ ခုနှစ်တွင် ၁၃၈၊ ၂၀၁၇ ခုနှစ်တွင် ၁၂၈ ရှိပါကြောင်း၊ သို့သော် ဆရာဝန်ဝန်ထမ်းအင်အားနှင့် ကြည့်သည့်အခါ အခြေအနေကောင်းပါကြောင်း၊ ကျောက်ပန်းတောင်းတွင် ခွင့်ပြုဆရာဝန် ၇ ယောက်ရှိသည့် နေရာတွင် ၆ ယောက်ရှိပါကြောင်း၊ သွားဆရာဝန် တစ်ဦး၊ သူနာပြု ၂၃ ယောက်ရှိသည့် နေရာတွင် ၁၇ ယောက်ရှိပါကြောင်း၊ ကျွမ်းကျင် ၁၆ ယောက်ရှိသည့်နေရာတွင် ၁၄ ယောက်ရှိပါကြောင်း၊ ဆိုလိုသည်မှာ လူ့စွမ်းအားအရင်းအမြစ်အနေဖြင့် အခြေအနေကောင်းမွန်ပါကြောင်း၊  ခွင့်ပြုခန့်ထားမည်ဆိုပါက ခုတင် (၅၀) တွင် ၈၁ ဦးရှိရပါမည်၊ ၈၁ ဦး ရှိရမည်မာ ၆၃ ဦးသာရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၈ ရာခိုင်နှုန်းရှိသည့်အတွက် အခြားဆေးရုံများနှင့် နှိုင်းယှဉ်ကြည့်ရလျှင် မဆိုးတဲ့အခြေအနေဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လူဦးရေများပြားပြီး အချက်အချာကျသည့် ကျောက်ပန်းတောင်းကို အဓိကဘာသာရပ်ကြီး ငါးခုဖြစ်သည့် ဆေးပညာ၊ ခွဲစိတ်ပညာ၊ သားဖွားမီးယပ်နှင့် ကလေးနှင့် အရိုးခွဲစိတ်တို့ကို ထားရှိရန် ကြိုးစားနေပါကြောင်း၊ ယခု ကျောက်ပန်းတောင်းဆေးရုံတွင်ရှိသည့် ဆရာဝန် ၆ ဦးမှာ ရိုးရိုးဆရာဝန်ဖြစ်ပြီး Specialist မဟုတ်ပါကြောင်း၊ မကြာခင်မှာ ငါးမျိုးစလုံးပေးနိုင်လျှင် အော်တိုပေးမည် ဖြစ်ပါကြောင်း၊ ကလေးအထူးကုဆရာဝန် ပေးလျှင်ပေးမည်၊ လာမယ့်နှစ်များတွင် အကုန်လုံးကို တိုးထုတ်ရန်လည်း ရှိပါကြောင်း၊ ယခုလောလောဆယ်အနေဖြင့် ကျောက်ပန်းတောင်းဆေးရုံကို ခုတင် (၅၀) မှ ခုတင် (၁၀၀) အဖြစ်တိုးမြှင့်မပေးနိုင်သေးပါကြောင်း၊ သို့သော်လည်း တိုင်းဒေသကြီး ဦးစီးမှူးကို‌ (၃) လ တစ်ခါသွားပြီး ဆေးရုံ၏လိုအပ်ချက်၊ အထူးသဖြင့် လူနာများလာသည့်အတွက် ပုံမှန်ရှိမည့် ၁၀၀ ထက် ၁၃၂ ရာခိုင်နှုန်းဖြစ်သည့်အတွက် ဆေးများမှာ ပုံမှန်အတိုင်းမရနိုင်ပါကြောင်း၊ သို့သော် ဆေးကိုလည်း ပိုပေးမည်၊ Laboratary နှင့် ပတ်သက်သည့် Equipment လည်း မိမိပိုပေးပါမည်။ ဆေးရုံကြီးမှ  ခုတင် အသုံးချနှုန်းသည် ၁၅၀ ကျော်လာသည်နှင့် တစ်ပြိုင်နက် ခုတင် (၁၅၀) ကိုပေးရန် စဉ်းစားပေးမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။