(စ)-လွိုင်လင်ခရိုင် အားကစားကွင်း အတွင်းရှိ ဘောလုံးကွင်း၊ အပြေးပြိုင်ပွဲ ပြေးလမ်းကြောင်း အား ပြုပြင်ပေးရန်၊ ဘောလုံးပွဲ ပွဲကြည့်စင်နှင့် မိုးလုံလေလုံ အားကစားရုံအား အသစ် တည် ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ (၅.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

khin mg thiကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်မှု TSDP အစီအစဉ်ကို ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်း ၁၅.၁.၂၀၁၇ ရက်နေ့ နံနက်ပိုင်း မီနီမာရသွန် အပြေးပြိုင်ပွဲများနှင့် စတင်ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် ဖွင့်ပွဲအခမ်းအနား ဘောလုံးပြိုင်ပွဲများနှင့် အခြားသော အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဌာနဆိုင်ရာများ မိဘပြည်သူများနှင့်အတူ တက်ရောက်အားပေးခဲ့ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် လွိုင်လင်ခရိုင် အားကစားကွင်း ပြုပြင်ပေးနိုင်ပါရန် အားကစားဝါသနာရှင် မိဘပြည်သူများမှ တင်ပြတောင်းခံ လာပါသဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားကွင်းအတွင်းရှိ ဘောလုံးပွဲပွဲကြည့်စင် အသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးပါမည်နည်း။ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်နည်း။ လွိုင်လင်ခရိုင်အားကစားကွင်းရှိ ဘောလုံးပြိုင်ပွဲကျင်းပသည့် ဘောလုံးကွင်း ပြုပြင်မွမ်းမံပေးရန် အစီအစဉ်ကိုလည်း သိလိုပါကြောင်း၊ လွိုင်လင်ခရိုင် အားကစားကွင်းအတွင်းရှိ မီတာ ၄၀၀ အပြေးပြိုင်ပွဲကျင်းပသည့် အပြေးပြိင်ပွဲပြေးလမ်းအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် လွိုင်လင်ခရိုင်အတွင်း အားကစားပြိုင်ပွဲများကျင်းပရန် မိုးလုံလေလုံ အားကစားရုံသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweမိမိအနေဖြင့် ၎င်းအားကစားကွင်း ပွဲကြည့်စင်အသစ်အတွက် ငွေကျပ်သန်း ၁၂၀၊ ဘောလုံးကွင်း ပြုပြင်ရန်အတွက် ငွေကျပ်သန်း ၄၀၊ မီတာ ၄၀၀ ပြေးလမ်းဖောက်ရန်အတွက် ငွေကျပ် ၃၅ သန်း၊ မိုးလုံလေလုံအားကစားရုံအသစ် တည်ဆောက်ခြင်းက ငွေကျပ် သန်း ၂၂၀ တို့ဖြစ်ပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အားကစားနှင့် ကာယဦးစီးဌာနကို ဗဟိုမှ ဇန်နဝါရီ ၂၄ ရက် နေ့တွင် မိမိတို့မှ မေးမြန်းထားပါကြောင်း၊ ၂၅ ရက်နေ့တွင် ချက်ချင်း အဖြေရရှိပါကြောင်း၊ ထို့အပြင် ပြည်နယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးမှလည်း ၂၇ ရက်နေ့တွင် ပြန်စာရရှိပါကြောင်း၊ ၃ ရက်အတွင်း ယခုလို ပြန်စာရရှိသည့်အတွက် ရှမ်းပြည်နယ်အစိုးရအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုနှင့် ပြည်နယ်တိုင်းအဆင့်က အလွန်ကောာင်းမွန်သည့် ဆက်သွယ်ရေး လမ်းကြောင်းရှိသည်ကို တွေ့ရှိရပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကိုယ်တိုင်က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘတ်ဂျက် ဖြည့်စွက်ရန်ပုံငွေတွင် ဦးစားပေးထည့်သွင်း လျာထားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ ဘတ်ဂျက်ဖြတ်တောက်မှုတွင် မပါခဲ့သည်ရှိသော် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ဆက်လက်ထည့်သွင်း လျာထားမည်ဖြစ်ကြောင်းကို ရှမ်းပြည်နယ်အစိုးရကပြောသည့်အတွက် အလားအလာ အလွန်များပါကြောင်း၊ ပြည်နယ်နှင့် ဆက်သွယ်ရေးလမ်းကြောင်း အလွန်ကောင်းမွန်ပါကြောင်း၊ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ကျန်းမားရေးနှင့် အားကစားလုပ်ငန်းများတွင် အလွန်မြန်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။