(င)-ကြို့ပင်ကောက်မြို့နယ်ခုတင်(၅၀)ဆံ့ပြည်သူ့ ဆေးရုံကြီးကို ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဆရာဝန် များ ပါဝင်သော ခုတင် (၁၀၀) ဆံ့ စံကိုက်ဆေးရုံ သို့ အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ (၅.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

htay min theinကြို့ပင်ကောက်မြို့သည် ရန်ကုန်-ပြည်အဝေးပြေးကား လမ်းမကြားတွင် တည်ရှိပြီး အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်၊ အနောက်ဘက်တွင် မိုးညိုမြို့နယ်၊ မြောက်ဘက်တွင် ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်၊ တောင်ဘက်တွင် အုတ်ဖိုမြို့နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့ဖြစ်သည့်အပြင် မြေပြန့်ဒေသဖြစ်သည့်အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျောက်ခင်းလမ်း ရှိသဖြင့် လူဦးရေသိပ်သည်းမှု ရှိသည့်အတွက် မြို့၏စီးပွားရး ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် အတူ ပြည်သူလူထုက ဆေးရုံအပေါ်ပံ့ပိုးကူညီသည့် လုပ်ငန်းများ၊ ဆင်းရဲနွမ်းပါး လူနာများအတွက် ဆေးရုံတက်စဉ် လိုအပ်သည့် အာဟာရနှင့်အစားအသောက် အစီအစဉ်များ၊ အလှူငွေထောက်ပံ့မှုများ၊ ရွှေနှလုံးသား သွေးအလှူရှင်အသင်း၊ လူမှုကူညီမှုအသင်း၊ ဆင်းရဲနွမ်းပါးလူနာများအတွက် ကျန်းမာရေးကူညီမှု ဖောင်ဒေးရှင်းအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုများသည် အားကောင်းလှပါကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခုတင်အဆင့် တိုးမြှင့်ပေးရန် လိုအပ်သည့်အခြေခံမူများ၊ အညွှန်းကိန်းများနှင့်လည်း ကိုက်ညီမှုရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်းမားရေးဌာန၏ လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်ဆောင်ရွက်ထားရှိသည်ကိုလည်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံကြီးကို သတ်မှတ်စံနှုန်း၊ ခွဲနှုန်း၊ သားဖွားခန်းများနှင့် ဆရာဝန်များ ပါဝင်သော ခုတင် (၁၀၀) ဆံ့ စံကိုက်ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်သည် လူဦးရေ ၁၀၀၀၀၀ ကျော်နေထိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြင့် ခုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံတစ်ရုံ၊ (၁၆) ခုတင်ဆံ့ ဆေးရုံနှစ်ရုံနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးလျက်ရှိပါကြောင်း၊ မိမိအနေဖြင့် Hospital Indicated စသဖြင့် ဆေးရုံရှိ စာရင်းဇယားကို မိမိကိုယ်တိုင်ကြည့်ရှုစစ်ဆေး တွက်ချက်ပါကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ  bed occupancy rate က ခုတင် (၅၀) နှင့်တွက်သည့် အခါ ၂၀၁၂ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း ၊ ၂၀၁၃ ခုနှစ်တွင် ၇၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၁၂၃ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၁၂၅ ရာခိုင်နှုန်း တိုးတက်လာပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခုတင် (၅၀) မှ ခုတင် (၁၀၀) တင်မည်ဆိုပါက Criteria ရှိပါကြောင်း၊ ၁၆  ခုတင်ကနေ ၂၅ ခုတင်၊ ၂၅ ခုတင်ကနေ ၅၀ ခုတင်၊ ၁၀၀ ခုတင်၊ ၂၀၀ ခုတင်၊ ၂၀၀ ခုတင်ကနေ ၅၀၀ ခုတင်စသည့် Criteria  များရှိပါကြောင်း၊ ၎င်း Criteria အရ ၁၅၀ ရာခိုင်နှုန်း ရှိမှသာလျှင် ထိုအရာကို ခုတင် (၅၀) ကနေ ခုတင် (၁၀၀) ကို ပြုလုပ်ပါကြောင်း၊ သို့သော်လည်း ထိုကိစ္စမှာ ၁၅၀ ရာခိုင်နှုန်း တက်ရန်ရှိပါကြောင်း၊ လတ်တလောတွင် မိမိအနေဖြင့် မည်သည့်အချိန်ဟူ၍ မပြောသေးသော်လည်း ၁၅၀ ရာခိုင်နှုန်းကို ရောက်သည်နှင့် တက်ရန်မိမိတို့ လုပ်ပေးပါမည်ဖြစ်ပါကြောင်း၊ ခုတင် (၅၀) ဆံ့ ဆေးရုံထုံးစံက Specialist မရှိပါကြောင်း၊ AS များနှင့် လက်ထောက်ဆရာဝန်များ ရှိပါကြောင်း၊ သို့သော်လည်း ကြို့ပင်ကောက်မြို့နယ်တွင် လူနာများခြင်း၊ မွေးနှုန်းများလည်း များပြားသည့်အတွက် သားဖွားမီးယပ်အထူးကုတစ်ဦးနှင့် ဆေးပညာအထူးကုတစ်ဦးကိုလည်း မိမိမှတာဝန်ချထားပေးပါကြောင်း၊ ထုံးစံအရ ပေး၍မရပါကြောင်း၊ သို့သော် အထူးကိစ္စရပ်များနှင့် သားဖွား မီးယပ်အထူးကု၊ ဆေးပညာအထူးကုချပေးထားပါကြောင်း၊ မကြာခင်အတွင်းမှာလည်း ကလေးအထူးကုတစ်ဦးကို မိမိတို့ကပို့ပေးပါမည်၊ ပို့ပေးလျှင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း မကြာခင်အတွင်း ၁၀၀ ဖြစ်လာလျှင် အထူးကု ကိုးမျိုးပါလာပါမည် ဖြစ်ပါကြောင်း၊ ခွဲစိတ်၊ မီးယပ်၊ သားဖွား၊ OPQRN ptf Trade Medicine Surgery အပြင် မေ့ဆေး၊ အရိုး၊ ဓာတ်မှန်၊ ရောဂါဗေဒ၊ သွားများပါဝင်လာမည် ဖြစ်ပါကြောင်း၊ မိမိအမြင်ဖြင့် ပြောရမည်ဆိုလျှင် နှစ်ကုန်ပိုင်းအတွင်း ဖြစ်လာနိုင်ပါကြောင်း၊ ယခုလောလောဆယ်အခြေအနေမှာ မိမိမှပေးမည်ဟု မပြောသော်လည်း ၁၅၀ အနီး တက်လာသည်နှင့် တစ်ပြိုင်နက် မိမိပေးပါမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း လူနာအလွန်များသည့်အတွက် တိုင်းဒေသကြီး ဦးစီးမှူးကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည့်ဆေး၊ ဆေးပစ္စည်းများ လုံလောက်မှုရှိ/မရှိကို ကြည့်ရှုပြီး အမြန်ဆုံးပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။