(ဂ)-ပူတာအိုမြို့နယ်၊ ဒုတ္တန် အခြေခံပညာအထက် တန်းကျောင်း၏ ခါကာဘိုကျောင်းဆောင်(နှစ်ထပ်) ဆောင် အဟောင်းအား ကျောင်းဆောင်အသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u moe shweပူတာအိုမြို့တွင် မူလတန်းကျောင်း သုံးကျောင်းသား ရှိပါကြောင်း၊ ဒုတ္တန်အခြေခံပညာ အထက်တန်းကျောင်းသည် ကျောင်းသားဦးရေ ဒုတိယအများဆုံး တက်ရောက်သော စာသင် ကျောင်းဖြစ်ပါကြောင်း၊ ဒုတ္တန်အခြေခံပညာအထက်တန်းကျောင်းဆောင်သည် ၁၉၆၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အလျား ၁၆၄ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိသော ကျောင်း ဆောင်ဖြစ်ပြီး သက်တမ်းအားဖြင့် ၄၈ နှစ်ကြာမြင့်ခဲ့ပြီး ယခုအခါ ကျောင်း၏တိုင်ခြေများ၊ သစ်သားကြမ်းခင်းများ၊ ပျဉ်ခါများ၊ ပြတင်းပေါက်များ၊ တံခါးကြီးများ၊ ဝရံတာ များ၊ လှေကားနှင်‌့လှေကားခုံများ၊ မျက်နှာကျက်များ၊ သွပ်မိုးများမှာ ဆွေးမြေ့ပျက်စီးလျက်ရှိပါကြောင်း၊

          ယခုအခါ အဆိုပါကျောင်းဆောင်သည် အန္တရာယ်ရှိကျောင်းဆောင်ဖြစ်၍ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ချက်ချင်းပြိုလဲနိုင်သော ကျောင်းဆောင်ဖြစ်သည့်အတွက် ဒုတ္တန်အခြေခံပညာအထက်တန်းကျောင်း၏ ခါကာဘိုကျောင်း‌ဆောင် (နှစ်ထပ်)ဆောင် အဟောင်းအား ကျောင်းဆောင်အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့၊ ရှိပါ က မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win maw tunပညာရေးဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွက် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သန်းပေါင်း ၂၅၇ သန်း ခွဲဝေလျာထားခွင့်ပြုပြီးပါကြောင်း၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဒုတ္တန် အခြေခံပညာအထက်တန်းကျောင်းမှာ တင်ပြပါ ခါကာဘိုကျောင်း ၁၆၀ ပေ x ၃၀ ပေ၊ အုန်ခံဆောင်၊ မေခဆောင်၊ မလိခဆောင်၊ ဝရန်တာဆီဆောင် ၁၇၀ ပေ x ၃၀ ပေသွပ်မိုး ပျဉ်ထောင်နှစ်ထပ်ဆောင်၊ ဧရာဆောင် ၁၀၆ ပေ x ၂၆ ပေသွပ်မိုးပျဉ်ကာ၊ မလိဖူးခန်းမကြီး ၈၀ ပေ x ၄၀ ပေ ဆောက်လုပ်ပြီးစီးနေသော ၉၀ ပေ x ၃၀ ပေ သွပ်မိုးအုတ်ညှပ် တစ်ဆောင် စုစုပေါင်း စာသင်ဆောင် ခုနစ်ဆောင်နှင့် ဟောခန်းမတစ်ဆောင်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဟောခန်းမဆောင်နှင်‌့ ကျောင်း‌ဆောင်အသစ် ၉၀ ပေ x ၃၀ ပေ စာသင်ဆောင် ခြောက်ဆောင် စုစုပေါင်း စာသင်ခန်းဧရိယာ ၂၅၂၂၀ စတုရန်းပေရှိပါကြောင်း၊

ထိုအန္တရာယ်ရှိအဆောင်ကို ယခု ၂၀၁၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် ဖျက်သိမ်းပြီး အသစ်ဆောက်လုပ်ရန် ရန်ပုံငွေလျာထားခဲ့ခြင်းမရှိပါကြောင်း၊ သို့သော် ယခုနှစ်တွင် အန္တရာယ်ရှိကျောင်းဆောင်ကို ဖျက်သိမ်းပြီး ကျောင်းဆောင်အသစ် ဆောက်လုပ်ပေးနိုင်ရေးအတွက် အမှုတွဲ တည်ဆောက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ထိုကျောင်းအတွက် ငွေကျပ် ၃၅.၁ သန်းဖြင့် ဆောက်လုပ်ပေးထားသော ၉၀ ပေ x ၃၀ ပေသွပ်မိုးအုပ်ညှပ် တစ်ထပ်ဆောင်သိပ္ပံဆောင်အသစ်သည် ရာခိုင်းနှုန်းပြည့် ပြီးစီးပြီဖြစ်တသည့်အတွက် အဆိုပါကျောင်းဆောင်ကို စာသင်ခန်းအဖြစ် အသုံးပြုရန် စီစဉ် ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။