မေးခွန်း အကြောင်းအရာ
ချီဖွေမြို့နယ်သည် ယုံကြည်မှုတည်ဆောက်ကာ ငြိမ်းချမ်းရေးရယူထားသော မြို့နယ်တစ်ခု ဖြစ်ပြီး အဆိုပါမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများ လုံးဝမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ချီဖွေမြို့စည်ပင်သာယာရေးအဖွဲ့၏ မြို့နယ် စည်ပင်သာယာရေးဝင်ငွေသည်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဝန်ထမ်း လစာများအပြင် မလုံလောက်သည်ကို တွေ့ရှိရပါကြောင်း၊ ချီဖွေမြို့နယ်တွင် အစိုးရဌာနရုံး (၂၃)ခုရှိပါကြောင်း၊ ဘားလေးရပ်ကွက်နှင့် ယင်းတော်ရပ်ကွက်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေး ရုံးအပါ ဌာနဆိုင်ရာ ရုံး ၂၀ ခု တို့မှ ဌာနဆိုင်ရာရုံးဝန်ထမ်းများ ရုံးတက်/ရုံးဆင်းသွားလာမှုနှင့် အများပြည်သူများမှ သွားလာနေရသော မြို့မလမ်းပေ ၆၀၀၀ ခန့်သည် ကျောက်ကြမ်း လမ်းအဖြစ်နှင့်သာရှိနေပါသဖြင့် အများပြည်သူနှင့် ဌာနဆိုင်ရာရုံးဝန်ထမ်းများ၏ ကားနှင့်ဆိုင်ကယ် များဖြင့် ဖြတ်သန်းသွားလာရာတွင် ကုန်းတက်/ကုန်းဆင်းများပါသဖြင့် မကြာခဏအန္တရာယ်များနှင့် ကြုံတွေ့လျက်ရှိပါကြောင်းနှင့် မိုးများသည့် ဒေသမြို့နယ်ဖြစ်သည့်အတွက်ကြောင့် ကွန်ကရစ် လမ်းနှင့်သာ အသင့်တော်ဆုံး ဖြစ်ပါ၍ ထိုလမ်းကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းနှင့် ၂၅ ပေခန့်ရှိသော သံကူကွန်ကရစ်တံတား တစ်စင်းအပါ အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊
အဆိုပါလမ်းအား ယခုဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးရန် မူလလျာထားမှုတွင် မပါရှိသဖြင့် ၁၈ ပေအကျယ်ရှိသော ကွန်ကရစ်လမ်းနှင့် ၂၅ ပေခန့်ရှိ သံကူကွန်ကရစ် တံတား တစ်စင်းအပါကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ချီဖွေမြို့နယ်၏ အဓိက ဌာနဆိုင်ရာရုံး(၂၀)ရှိသည့် မြို့မလမ်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းမဟုတ်ဘဲ စည်ပင်သာယာရေးအဖွဲ့ပိုင်လမ်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကချင် ပြည်နယ်အစိုးရ အဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ သိမ်းသွင်းပြီးမှသာလျှင် ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက် ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ မြို့မလမ်း၏ လက်ရှိလမ်းအခြေအနေသည် သဲကျောက် အမာခံ လမ်းဖြစ်ပြီး လမ်းအကျယ်ပျမ်းမျှ ပေ (၂၀) ခန့်ရှိပါကြောင်း၊ ကွန်ကရစ် လမ်းခင်းရာတွင် ၆၀၀၀ ပေ x ၁၈ ပေ x ၉ ပေလက်မထု ဆောင်ရွက်ရမည်ဖြစ်ပြီး ကွန်ကရစ် ဖျော်စက်ဖြင့် AG ကွန်ကရစ် သယ်ယာဉ်များ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရမှာဖြစ်ပါကြောင်း၊ ချီဖွေမြို့၏ မြို့မ လမ်းပေါ် ချောင်းငယ်တစ်စင်းရှိသည့်နေရာတွင် သံကူကွန်ကရစ်တံတား ပေ ၂၀ တစ်စင်း တည် ဆောက်ရမည်ဖြစ်ပါကြောင်း၊
ချီဖွေမြို့၏ မြို့မလမ်းသည် စည်ပင်သာယာရေးအဖွဲ့ပိုင် လမ်းဖြစ်ပြီး ကွန်ကရစ်တံတား လမ်းခင်းခြင်းလုပ်ငန်း ၆၀၀၀ ပေဆောင်ရွက်မည်ဆိုပါက ခန့်မှန်း ငွေကျပ် ၄၁၆.၈၃၂ သန်း ကုန်ကျမည်ဖြစ်ပြီး RC ကွန်ကရစ်တံတား ၂၅ ပေ တစ်စင်းအတွက် ခန့်မှန်းကုန်ကျငွေ ၄၀ သန်းကုန်ကျမည်ဖြစ်ပါကြောင်းနှင့် ချီဖွေမြို့နယ်၊ စည်ပင် သာယာရေး အဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ ရန်ပုံငွေတင်ပြ တောင်းခံ၍ ရန်ပုံငွေခွဲဝေရရှိပါက ချီဖွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
