(င)-အစိုးရ၏ နှစ်စဉ်လုပ်ငန်းစီမံကိန်းများ ရေးဆွဲရာ တွင်တွက်ချက်သည့် မြို့နယ်အလိုက် အခြေခံဈေး နှုန်းများကို ပြန်လည် ကောက်ခံ စာရင်းပြုစုရန်နှင့် Quotation တောင်းသည့် စနစ်ကို တိတိကျကျ အ ကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၁၀.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

umyoပြည်ထောင်စုဖွံ့ဖြိုးရေးရန်ပုံငွေ၊ လွှတ်တော်ရန်ပုံငွေ သိန်း ၁၀၀၀ နှင့်ပတ်သက်ပြီး စက်ရေတွင်းတူးခြင်း စက်ရေတွင်းတူးသည့်အခါ လက်တွေ့ကုန်ကျသည်မှာ တစ်ပေကို ၁၅၀၀ နှုန်းဖြစ်ပါကြောင်း၊ သို့သော် တကယ် Estimation တွင် ဌာနဆိုင်ရာက ဆွဲခြင်းဖြစ်သည့်အခါ Estimation မှာက ၄၀၀၀ ဖြစ်ပါကြောင်း၊ ယခုလို လက်တွေ့ဆောင်ရွက်သည့်အခါ ဘတ်ဂျက်ကို အပြည့်မပေးဘဲ လျော့ပေးပြီးမှ ရွာ၏ပါဝင်မှုနှင့် ဆောင်ရွက်ခြင်း ဖြစ်သည့်အခါ ဘတ်ဂျက် အလွဲသုံးစားမှု မဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ရေး ကျေးရွာအဖွဲ့များက ငွေစာရင်းပြန်လည်ပြုစုရာတွင် မြေပြင်တွင်ကုန်ကျစရိတ်နှင့် တွက်ပေးရမည်လား၊ သို့မဟုတ် Estimation အတိုင်း တွက်ပေးရမည် လားဟု မေးပါကြောင်း၊ မေးသည့်အခါ မိမိမှ အမှန်တကယ် ကုန်ကျသည့် စာရင်းအတိုင်းတွက်ချက်ပါ အလွဲသုံးစားမှုတစ်ခုခုဖြစ်လာခဲ့လျှင်လည်း ထောင်ကျသွားနိုင်သလို မိမိမှလည်း တာဝန်ခံထားရသည့် ဘတ်ဂျက်တွင်လည်း တိတိကျကျ ဖြစ်ချင်ပါကြောင်း၊

ဆောင်လုပ်ရေးဌာနက ဦးဆောင်ပြီး မြို့နယ်များတွင် နှစ်စဉ် Estimation ကောက်သည်ဟု မိမိတို့ သိရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခွင့်ရသည့် တိုင်းဒေသကြီးများရှိသလို ပါဝင်ခွင့်မရသည့် နေရာများလည်းရှိပါကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်အရ မိမိမြို့နယ် တစ်မြို့နယ်ချင်းဆီ စိစစ်ရန်ပြောသည့်အတွက် တတ်နိုင်သလောက် ကြိုးစားပြီး စိစစ်ပါကြောင်း၊ သို့သော်လည်းပဲ လုံးပေါင်းဘတ်ဂျက်များကိုသာ သိခွင့်ရသည့်အခါ စိစစ်ရန် ခဲယဉ်းခြင်းများ ရှိပါကြောင်း၊ ကောလင်းဒေသပေါက်ဈေး ကျောက်ဈေးဆိုလျှင် ငါးသောင်းခွဲမှ ရှစ်သောင်းခန့်ထိ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ကသာခရိုင် တင်ဒါပြစ်သည့်အခါ တစ်သိန်းကျော်သည့် ဈေးများရှိသည်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် Estimation များတွက်သည့် အခါ ဒေသအမြင့်ဆုံးဈေးများနှင့် တွက်ကြပါကြောင်း၊ ၎င်း၏ အကျိုးဆက်မှာ အရည်အသွေး မမီသည့် လုပ်ငန်းများ ဖြစ်လာခြင်း၊ နိုင်ငံတကာမှာဆိုလျှင် ငွေကြေးစနစ်များ အမျိုးမျိုးရှိပါကြောင်း၊ US မှာဆိုလျှင် မိမိတို့အတွေ့အကြုံအရ Data Universal Numbering System (DUNS) နံပါတ်တစ်ခု ရှိပါကြောင်း၊ ၎င်းနံပါတ်ဖြင့်လည်း မှတ်ပုံတင်ရပါကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီတွင် သုံးမည့် ငွေကြေးများကို Quotation အနည်းဆုံး သုံးခုတောင်းပြီးမှ ဒေသပေါက်ဈေး  Quotation သုံးခုအပေါ် လုပ်ငန်းများရေးဆွဲပြီး အကောင်အထည် ဖော်ခြင်းမျိုးများ တွေ့ရပါကြောင်း၊

ကုမ္ပဏီများကိုလည်း အကျိုးအမြတ်ရစေချင်ပါကြောင်း၊ ပြည်သူလူထုလည်း နိုင်ငံ့ဘဏ္ဍာ အလေအလွင့် မရှိဘဲ ပစ္စည်းကောင်းရစေချင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်သည့် အခွန်ကောက်ခံမှုများ ဖြစ်လာမည်ဆိုလျှင် Quotation စနစ်ကို ထိထိရောက်ရောက် အသုံးပြုနိုင်မည်ဆိုပါက အစိုးရအသုံးစရိတ်များ၊ ပစ္စည်းအရည်အသွေး ကောင်းလာမည်ဖြစ်ပြီး Professional လုပ်ငန်းများလည်း ပိုပြီးများလာမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဘဏ္ဍာလည်း အလေအလွင့် လျော့နည်းလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Quotation တောင်းသည်‌့စနစ်ကို တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

umgနှစ်စဉ်အမျိုးသားစီမံကိန်း၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်ကို ရေးဆွဲသည့်နေရာတွင် သက်ဆိုင်သည့် ဝန်ကြီးဌာနမှ တင်ပြလာသည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု ငွေလုံးငွေရင်း အသုံးစရိတ် လျာထားရန် အဆိုပြုချက်များကို ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့က စိစစ်ပါကြောင်း၊ စက်ပစ္စည်းများနှင့် ပတ်သက်ပြီး စက်ပစ္စည်းကြီးကြပ်မှု ကော်မတီကစိစစ်ပါကြောင်း၊ အခြားသော ငွေလုံးငွေရင်း အသုံးစရိတ်များအတွက်ကို စီမံကိန်း ရေးဆွဲရေးဦးစီးဌာနက စိစစ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးလုပ်ငန်းစိစစ် ညှိနှိုင်းရေးအဖွဲ့ကနေ စိစစ်ဆောင်ရွက်သည့် နေရာတွင် တင်ပြလာသည့် BQ အပေါ် အခြေခံပြီး လုပ်ငန်းအမျိုးအစားအလိုက်ကို လက်ရှိခန့်မှန်း တွက်ချက်နေသည့် PAE နှုန်းထားများ၊ ဒေသအလိုက် လုပ်သားဈေးနှုန်း၊ ပစ္စည်းဈေးနှုန်း၊ သယ်ယူပို့ဆောင်ခစရိတ် ဈေးနှုန်းများအပေါ်ကြည့်ပြီး မှန်ကန်သင်‌့လျော်သည့် ကုန်ကျစရိတ်ဖြစ်ရန် ဆောက်လုပ်ရေးကော်မတီက စိစစ်ပါကြောင်း၊ အလားတူ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီအနေဖြင့်လည်း ပစ္စည်းဝယ်မယ့်ဈေးနှုန်းစာရင်း၊ စက်စွမ်းအားအမှတ်တံဆိပ်၊ အလားတူ ပစ္စည်းများ၏ ဈေးနှုန်း၊ ဝယ်ယူမည့်ဒေသ၏ သယ်ယူပို့ဆောင်ရေးစရိတ်တို့ကိုပါ ထည်‌့သွင်းတွက်ချက် ပြီး အခြေခံစိစစ်ပါကြောင်း၊

မြို့နယ်အလိုက် အခြေခံဈေးနှုန်းများ ကောက်ခံမှုနှင့် ပတ်သက်ပြီး စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် ဗဟိုစာရင်းအင်းအဖွဲ့မှ လစဉ်ကောက်ယူသည့် ကုန်စည်အမျိုးအစားပေါင်း ၂၇၄ မျိုးကို ယခုလို ကောက်ယူသည့် ရည်ရွယ်ချက်က စားသုံးသူ ဈေးဆနှုန်းကိန်း တွက်ချက်ရန်အတွက် ကောက်ယူခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်လုပ်ငန်းစီမံကိန်းများ ရေးဆွဲသည့်အခါ လိုအပ်လျှင် အဆိုပါမြို့နယ် အခြေခံဈေးနှုန်းများကိုလည်း ကိုးကားဆောင်ရွက်၍ ရပါကြောင်း၊ တင်ဒါလုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်ပြီး ၁၀-၄-၂၀၁၇ ရက်နေ့က ညွှန်ကြားထားသည့် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) တွင် အစိုးရဌာန၊ အဖွဲ့အစည်းများ တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ထားခြင်းရှိပါကြောင်း၊ ၎င်း တင်ဒါ လုပ်ထုံးလုပ်နည်းအရဆိုလျှင် ၁၀ သန်းအောက် တည်ဆောက်ခြင်း၊ ဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်းများအတွက် တင်ဒါခေါ်ယူရန် မလိုအပ်သော်လည်း တင်ဒါကော်မတီအနေဖြင့် ပစ္စည်းသွင်းမည့်လူ၊ တည်ဆောက်မည့်လူ၊ ဝန်ဆောင်မှုဆောင်ရွက်ပေးမည့်လူများအနက် အနည်းဆုံး ကုမ္ပဏီသုံးခုဆီက ဈေးနှုန်းအဆိုပြုလွှာ Quotation ကို တောင်းခံပြီး ဈေးနှုန်းအနည်းဆုံးသူဆီက တည်ဆောက်ရန်၊  ဝယ်ယူရန်၊ ဝန်ဆောင်မှုရယူရန် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် မည်သည့်အဆင့်မှာမဆို ဆောင်ရွက်ကြရန် အတိအလင်းဖော်ပြပြီး ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် သင့်လျော်မှန်ကန်သည့် ကုန်ကျ စရိတ်ဖြစ်ရန်၊ အရည်အသွေးပြည်‌့ဝစေရန် မလိုလားအပ်သည့် မသမာမှုများမှ ကာကွယ်နိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုရှိရှိနှင့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်ဌာန၊ တစ်ဖွဲ့ချင်း၊ တစ်ခုချင်းမှ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ Quotation တောင်းသည့်စနစ်နှင့် ပတ်သက်ပြီး  ဦးစွာပထမရန်ပုံငွေ ခွင့်ပြုချက်ရှိ/မရှိ စိစစ်ရပါကြောင်း၊ နောက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီမှ လုပ်ငန်းသို့မဟုတ် ကုမ္ပဏီအနည်းဆုံးသုံးခုထံမှ ပစ္စည်းအမျိုးအစား၊ အရည်အသွေး၊ ဈေးနှုန်းအဆိုပြုလွှာများကို တောင်းခံပြီး ပစ္စည်းအမျိုးအစားနှင့် အရည်အသွေးတူညီလျှင် အနည်းဆုံးဈေးနှုန်းနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်း/ကုမ္ပဏီကို စိစစ်ရွေးချယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဈေးနှုန်းကို စိစစ်မှုနှင့်ပတ်သက်ပြီး ယခင်နှစ်က ဈေးနှုန်း၊ အခြားဌာနကတင်ပြသည့် ပစ္စည်း၏ဈေးနှုန်း၊ အင်တာနက်ကရရှိသည့် ဈေးနှုန်းစသည်ဖြင့် စိစစ်ရသည့်နည်းတူ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးက ထုတ်ပြန်ထားသည့် ဒေသန္တရဈေးနှုန်း အတည်ပြုချက်များကို ကိုးကားပြီး ဆောင်ရွက်ကြရပါကြောင်း၊ ထို့ကြောင့် Quotation တောင်းသည့် စနစ်ကို တိတိကျကျအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့နယ်အလိုက် အခြေခံဈေးနှုန်းများကို နှစ်စဉ်လုပ်ငန်းစီမံကိန်းများ ရေးဆွဲသည့်နေရာတွင် လိုအပ်သည့်နေရာများမှာ ကိုးကားသုံးစွဲလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမျိုးဇော်အောင် (ကောလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ အစိုးသစ်တစ်ခုဖြစ်သည့်အခါ လုပ်ထုံးလုပ်နည်းများနှင့် နည်းဥပဒေလုပ်ထုံးလုပ်နည်းများက အကုန်လုံးစနစ်တကျဖြင့် ရှိနေသည်ဆိုသည်မှာ ယုံမှားသံသယ မဖြစ်ပါကြောင်း၊ စနစ်တကျရှိနေသည်ဆိုတာကို ယုံကြည်ပြီးသား ဖြစ်ပါကြောင်း၊ သို့သော် မြေပြင်မှာလက်တွေ့ လုပ်သည့်အခါ ကွာဟနေခြင်းများရှိမည်၊ ရှိသည့်အခါ မိမိတို့က လွှတ်တော်ကိုယ်စားလှယ်များနှင့်ရော ဒေသဆိုင်ရာရှိ ဌာနဆိုင်ရာအရာရှိများနှင့်ရော မည်ကဲ့သို့ ညှိနှိုင်းပေါင်းစပ်နိုင်မည်နည်း ဆိုသည်ကို သိချင်ပါကြောင်း၊ အောက်ချေမြေပြင်တွင် အလုပ်လုပ်ရသည့်အခါ ကိုယ်တိုင်လည်း ဒေသပေါက်ဈေးကိုလိုက်ပြီး စုံစမ်းခြင်းရှိပါကြောင်း၊ သို့သော် ဌာနဆိုင်ရာက အတည်ပြုထားသည့် စာရင်းသည် တိုင်းဒေသကြီးဝန်ကြီးချုပ်မှပြန်ပြီး ဒေသပေါက်ဈေး အတည်ပြုထားခြင်း ဖြစ်သည့်အခါ အမှန်တကယ်လုပ်ငန်းမှာ အောက်ခြေတွင် ကွာဟမှုရှိသော်လည်း လုပ်ငန်းပိုင်းဆိုင်ရာတွင် ၎င်း တိုင်းဆက်သွားခြင်းမျိုးများ ရှိသည်ကို တွေ့ရှိရပါကြောင်း၊ တွေ့ရသည့်အခါ အောက်ခြေတွင် အမှန်တကယ် ကွာဟနေသည်ကို မိမိအနေဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

ဝန်ကြီးဌာနအဆင်‌့၊ ရုံးချုပ်အဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံးအဆင့်များ ဆောင်ရွက်ခြင်းလည်း ရှိပါကြောင်း၊ မိမိတို့မှ ကော်မတီများကိုဖွဲ့ခိုင်းပြီးဆောင်ရွက်ထားပါကြောင်း၊ သက်ဆိုင်ရာကော်မတီများမှ လုပ်ငန်းအသေးစိတ်တစ်ခုချင်းအလိုက်ကို တင်ဒါခေါ်ယူပြီး ဆောင်ရွက်သည့် နေရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန် ဌာနကလည်း ဝိုင်းဝန်းပြီး ထိန်းကျောင်းကြပ်မတ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ တွေ့ကြုံရသည့် အခက်အခဲများ ပြေလည်လိမ့်မည်ဟု ယူဆပါကြောင်း၊

ခုနက ဌာနဆိုင်ရာများက သူတို့လုပ်ငန်းများ တင်ထားသည့် ဈေးနှုန်းနှင့် ကွာဟနေသည့်အခါ ပြောင်းလဲပြင်ဆင်သည့် တင်ခြင်းမျိုးကို ကိုယ်စားလှယ်များအားလုံး လုံးဝလက်မခံပါနှင့် တစ်နည်းအားဖြင့် Check and Balance လုပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နဂိုတင်ထားသည့် ဈေးနှုန်းများနှှု့် ပြောင်းလဲပြီးတင်မည်ဆိုပါက အားလုံးမှာတာဝန်ရှိပါကြောင်း၊ မိမိမဲဆန္ဒနယ်မြေတွင် ၎င်း လုပ်ငန်းများပါလာပြီဆိုလျှင် ဘတ်ဂျက်ကို ဖြတ်သည့်အခါ သူတို့တွက်ပြထားသည့် ဈေးနှုန်းသည် မိမိဒေသ၏ ကာလပေါက်ဈေးဟုတ်/မဟုတ် တွက်ပြီး ဘတ်ဂျက်တွင် ဖြတ်သည့်အတွက် မိမိဒေသတွင် စီမံကိန်းများပါလာသော်လည်း ဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုလွှတ်တော်ကို ဖြတ်ပြီးမှ လုပ်ရခြင်းဖြစ်သည့်အတွက် မြေပြင်မှာ ဖြစ်သည့်ဈေးနှုန်းနှင့် တကယ်ကွာဟနေပြီဆိုလျှင် အထောက်အထား၊ အချက်အလက်နှင့်တိုင်ပါ။ တိုင်သည့် လူများလည်း ရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနကို တရားဝင်ပို့ပါ။ ယခုလို ကွာဟနေသည်ကို သက်ဆိုင်ရာအဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း သက်ဆိုင်ရာကို ပို့ပေးမည်။ ထို့ကြောင့် ကိုယ်စားလှယ်များကလည်း  ဌာနဆိုင်ရာအဖွဲ့အစည်းနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ယခုကဲ့သို့ ထဲထဲဝင်ဝင် ကြိုးစားဆောင်ရွက်ပေးစေချင်ကြောင်း ရှင်းလင်းဖြေကြားပါသည်။