ဦးကံဦး(စလင်းမဲဆန္ဒနယ်)

အမည်

ဦးကံဦး

 

အခြားအမည်

မရှိပါ

 

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

 

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/စလန(နိုင်)၀၁၇၆၅၉

 

မွေးသက္ကရာဇ်/အသက်

၁၂-၂-၁၉၅၁/(၆၅)နှစ်

 

မွေးဖွားရာဇာတိ

ကန်တော်ရွာ၊ စလင်းမြို့နယ်

 

ပညာအရည်အချင်း

B.E (Electrical Power)

 

လက်ရှိအလုပ်အကိုင်

ဈေးသည်

 

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှရီ၊ SLN – 039127၊ (ကွယ်လွန်)

 

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်နု၊ SLN – 039128၊ (ကွယ်လွန်)

 

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဝမ်းကြည်၊ (ကွယ်လွန်)

 

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မခင်ချောစု၊ ၈/စလန(နိုင်)၀၇၅၈၆၉

 

အမြဲတမ်းနေရပ်လိပ်စာ

ဖိုရပ်၊ တညောင်ရွာ၊ စလင်းမြို့နယ်

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ

 

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စလင်းမြို့နယ် (ဒုတိယအကြိမ်)

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မူလတန်း၊ ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အလယ်တန်းတို့ကို ကန်တော်ကျေးရွာ အ.မ.ကနှင့် ဇီးဖြူပင်ရွာ အ.လ.ကတို့တွင်လည်းကောင်း၊ ၁၉၆၆ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ အထက်တန်းကို ဆင်ဖြူကျွန်းမြို့နယ် အ.ထ.ကတွင် လည်းကောင်း သင်ယူခဲ့သည်။ ၁၉၇၀ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး B.E (ElectricaL Power) ဘွဲ့ရရှိခဲ့သည်။ ၁၉၈၁ခုနှစ်မှ ၁၉၉၀ခုနှစ်အထိ တွဲဖက်အ.ထ.ကဇီးဖြူပင်ရွာတွင် အထက်တန်းပြတာဝန်ထမ်းဆောင်ခဲ့သည်။