|
အမည် |
ဦးဖရန်စစ္စကို |
|
အခြားအမည် |
ဦးဆရာကို |
|
လူမျိုး/ဘာသာ |
ကယန်း/ ကက်သလစ်ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/ဖခန(နိုင်)ဝဝ၅၃၇၂ |
|
မွေးသက္ကရာဇ်/အသက် |
၁၃.၈.၁၉၆၂ / (၅၂)နှစ် |
|
မွေးဖွားရာဇာတိ |
ဖယ်ခုံမြို့ |
|
ပညာအရည်အချင်း |
B.Sc (Credit) M.Sc (Physic) |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည်/ ပညာရေးဝန်ဆောင် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှနောင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မူကြာ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မေရီလွင် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ဇော်ဟန်ဦး၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
စိုင်ပြင်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ ဖယ်ခုံမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖယ်ခုံမြို့နယ်( ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို အ.ထ.က ဖယ်ခုံ၊ အ.ထ.က(၅)တောင်ကြီးတို့တွင် သင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် ရူပဗေဒအထူးပြုဘာသာဖြင့် တက်ရောက်ခဲ့ပြီး B.Sc (Credit) M.Sc (Physic) ဘွဲ့ရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၇ ခုနှစ်အထိ အလယ်တန်းပြအဖြစ် အ.ထ.က ဖယ်ခုံမြို့တွင်လည်းကောင်း၊ အထက်တန်းပြအဖြစ် အ.ထ.က မိုင်းရယ်နှင့် အ.ထ.က ဖယ်ခုံတို့တွင်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ယခုအခါ " ပျိုးခင်း " အထူးသင်ကြားရေးဘော်ဒါဆောင် ဒါရိုက်တာအဖြစ် လုပ်ကိုင်လျက်ရှိသည်။ မြို့နယ်အား/ကာအောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြို့မိမြို့ဖအသင်း၏ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြို့နယ်ပညာရေးအကျိုးတော်ဆောင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဖယ်ခုံ ဂိုဏ်းအုပ်သာသနာ ကတ်သလစ်လုပ်ငန်း (ဂေါပက) ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ပြင်သစ်နိုင်ငံ လုဒ်အယ်မြို့၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ အလည်အပတ် ခရီးသွားခဲ့သည်။ |
