ဦးစိုင်းသီဟကျော် (မိုင်းရယ် မဲဆန္ဒနယ်)

 

အမည်

ဦးစိုင်းသီဟကျော်

အခြားအမည်

စိုင်းဟပ်

လူမျိုး/ဘာသာ

ရှမ်း/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မရတ(နိုင်)၀၀၀၀၃၄

မွေးသက္ကရာဇ်/အသက်

၁၇-၁-၁၉၇၅/(၃၅)နှစ်

မွေးဖွားရာဇာတိ

လားရှိုးမြို့

ပညာအရည်အချင်း

B.Com

လက်ရှိအလုပ်အကိုင်

အရောင်းအဝယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုင်းကျော်ကျော်၊ AV-၀၆၅၅၂၇၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းစန်းညွန့်၊ ၁၃/မရတ(နိုင်)၀၀၂၃၃၇၊ အထက်တန်းပြ(ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းယဉ်ယဉ်ဦး၊ ၁၃/လရန(နိုင်)၀၈၆၃၂၈၊

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) စိုင်းနေထွဋ်ကျော်၊ ကျောင်းသား

(၂) စိုင်းနေလင်းဦး၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၀၃၃)၊ စကားဝါလမ်း၊ ရပ်ကွက်(၃)၊ မိုင်းရယ်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၊ မိုင်းရယ်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ၁၉၈၀ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အ.ထ.က မိုင်းရယ်မြို့နယ်နှင့် အ.ထ.က(၁)လားရှိုးမြို့နယ်တို့တွင် သင်ကြားခဲ့ပါ သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ပြည့်နှစ် တွင် B.Com ဘွဲ့ကို ရရှိခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ကမ္ဘောဇဘဏ်၊ လားရှိုးဘဏ်ခွဲတွင် အငယ်တန်းလက်ထောက်မှ လက်ထောက်ကြီးကြပ်ရေးမှူးအထိလုပ်ကိုင်ခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ် ရှမ်းစာပေနှင့် ယဥ်ကျေးမှုကော်မတီတွင် ပြန်ကြားရေး တွဲဖက်အတွင်းရေမှူး ၊ စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် တယ်လီဖုန်းဖြစ်မြောက်ရေးကော်မတီတွင် စာရင်းစစ်အဖြစ်လည်းကောင်း၊ မိုင်းရယ်မြို့နယ် လျှပ်စစ်မီးကော်မတီ၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။