|
အမည် |
ဦးအောင်စိန်သာ |
|
အခြားအမည် |
ဦးမောင်သာ |
|
လူမျိုး/ဘာသာ |
ရခိုင်/ဗုဒ္ဓဘာသာ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၀/စတန(နိုင်) ၀၁၀၉၀၈ |
|
မွေးသက္ကရာဇ်/အသက် |
၂၀-၄-၁၉၃၇/(၇၃)နှစ် |
|
မွေးဖွားရာဇာတိ |
စာရေးကြီးရွာ၊ မင်းပြားမြို့နယ် |
|
ပညာအရည်အချင်း |
B.A, H.G.P, R.L, D.M.L, D.I.L |
|
လက်ရှိအလုပ်အကိုင် |
စီမံ (စီးပွား)၃၊ ကုန်သွယ်ရေးဦးစီးဌာန (အငြိမ်းစား) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမောင်သာ(ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှမဖြူ(ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ချစ်မဖြူ၊ ၁၂/အစန(နိုင်) ၀၉၆၀၀၆ ကျောင်းဆရာမ (အငြိမ်းစား) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) စောဝင်းမောင်၊ ၁၂/အစန(နိုင်) ၀၉၅၈၂၇ သင်္ဘောသား (၂) ထွန်းအောင်ခင်၊ ကန်ထရိုက်တာ (၃) မောင်ဝင်းမြင့်၊ ၁၂/အစန(နိုင်) ၀၈၈၉၄၂၊ သင်္ဘောသား (၄) မျိုးမြင့်အောင်၊ မသိပါ/ ကုန်သည် (၅) မမြင့်မြင့်စိန်၊ ၁၁/စတန(နိုင်) ၀၂၀၁၅၁၊ မှီခို (၆) မခင်ခင်စိန်၊ ၁၂/အစန(နိုင်) ၀၀၁၂၉၃၊ မှီခို (၇) မအေးအေးစိန်၊ ၁၁/စတန(နိုင်) ၀၄၆၇၇၉၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
မရှိပါ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်းပြားမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အ.ထ.က (၁) စစ်တွေတွင် ပညာသင်ကြား ခဲ့သည်။ ၁၉၅၇/၅၈ ခုနှစ်မှ ၁၉၆၃/၆၄ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်တွင် ပညာများသင်ယူခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ အထက်တန်းပညာဦးစီးဌာန၊ R.L သင်တန်း နှင့် ၂၀၀၇/၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန၊ D.M.L, D.I.L သင်တန်းသို့ တက်ရောက်ခဲ့ပြီး B.A, H.G.P, R.L, D.M.L, D.I.L ဘွဲ့များ ရရှိခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ချောက်မြို့နယ် ကုန်သွယ်ရေးဌာနတွင် ဌာနခွဲ မန်နေဂျာ၊ ၁၉၆၉ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပေါက်တောမြို့နယ် ကုန်သွယ်ရေးဌာနတွင် ဦးစီးမန်နေဂျာနှင့် ၁၉၇၄ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရခိုင်ပြည်နယ် ဆောက်လုပ်ရေးပစ္စည်း ကော်ပိုရေးရှင်းတွင် ကုန်ရုံခွဲမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု ပါတီ၌ ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသား/ သူများအသင်းတွင် ဥက္ကဌနှင့် အတွင်းရေးမှူးတာဝန်များ ထမ်းဆောင် ခဲ့သည်။ ၁၉၅၈ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသားများ ပညာသင်ထောက် ပံ့ရေးအဖွဲ့တွင် ဆောင်ရွက်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် သီးခြားရခိုင်ပြည်နယ်ထူထောင်ရန် ကြိုးပမ်းမှုကြောင့် အနှစ် (၂၀) ပြစ်ဒဏ်ကျခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လွတ်မြောက်ခဲ့ သည်။ |
