ဦးအောင်ကျော်ဇံ (ပေါက်တောမဲဆန္ဒနယ်)

အမည်

ဦးအောင်ကျော်ဇံ

အခြားအမည်

လူဖြူ

လူမျိုး/ဘာသာ

ရခိုင်/ဗုဒ္ဓဘာသာ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/သကန(နိုင်)၀၆၁၈၃၃

မွေးသက္ကရာဇ်/အသက်

၂-၁၂-၁၉၄၇/(၆၃)နှစ်

မွေးဖွားရာဇာတိ

ဘဝမ်းချောင်းဖျားစုရပ်ကွက်၊ ပေါက်တောမြို့။

ပညာအရည်အချင်း

သိပ္ပံဘွဲ့(သင်္ချာ)၊ ၁၉၇၀ ခုနှစ်

လက်ရှိအလုပ်အကိုင်

ဦးစီးအရာရှိ(ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသာရ ၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဒါအုံးဖြူ၊ ၁၁/ပတန(နိုင်)၀၀၂၄၈၆၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မသိန်းဦး၊ ၇/သကန(နိုင်)၀၆၁၈၃၄ ၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မသီတာဦး၊ ၇ / သကန(နိုင်) ၀၀၁၄၅၈၊ နည်းပြ၊ အင်္ဂလိပ်စာဌာန၊ သစ်တောတက္ကသိုလ်

(၂) မညိုညိုအေး၊ ၁၂ /ဗတထ(နိုင်) ၀၃၂၉၁၃၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ ခေတ္တစင်္ကာပူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၂)၊ ၄၄ လမ်း(မြေညီ)၊ ဗိုလ်တထောင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပေါက်တောမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အ.မ.က ဘဝမ်းချောင်းဖျားစုရပ်ကွက်၊ ပေါက်တောမြို့၊ အ.ထ.က ပေါက်တောမြို့၊ ဦးအောင်လှဇံ အလွတ်ပညာသင်‌ ကျောင်း စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ပြီး ရန်ကိုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့(သင်္ချာ)ရရှိခဲ့သည်။
စာရင်းကိုင် (ဒု) ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (မင်းတုန်းမြို့၊မကွေးမြို့)၊ ဒု-ဦးစီးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ပေါက်တောမြို့၊သဲကုန်းမြို့)၊ ဦးစီးအရာရှိ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (လှိုင်သာယာ၊ လမ်းမတော်၊ ရွာငံ၊ သံတွဲမြို့နယ်များ)နှင့် ဦးစီးအရာရှိ(ခရိုင်)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစ်တွေခရိုင်တို့တွင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။
ပေါက်တောမြို့၊ ကိုယ်ထူကိုယ်ထ ဆေးရုံဆောက်လုပ်ရေး ကော်မတီနှင့် ရန်ကုန်မြို့ ဆံတော်ရှင်စေတီတော် ငွေပဒေသာပင်စိုက်ထူရေးကော်မတီတို့တွင် အတွင်းရေးမှူး အဖြစ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်စဉ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချီးမြှင့်သော “စံပြမြို့နယ်ဆု” ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။