ဗိုလ်မှူးကြီးမြင့်ဟန် (တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

အမည်

ဗိုလ်မှူးကြီးမြင့်ဟန်

အခြားအမည်

မရှိပါ

ပြန်တမ်းဝင်အမှတ် ကြည်း ၁၈၇၀၁

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ကတန(နိုင်)၀၀၈၁၂၅

မွေးသက္ကရာဇ်/အသက်

၁၄-၁၂-၁၉၆၁/(၅၄)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့(သတ္တဗေဒ)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)၊ ဘွဲ့လွန်ဥပဒေဒီပလိုမာ(အွန်လိုင်း)

လက်ရှိအလုပ်အကိုင်

ဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေး၊ လကခ၊ ကက(ကြည်း)    

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘညို (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်း (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းသင်းသင်းဖြူ၊ ၁၃/တကန(နိုင် )  ၀၂၃၉၁၂၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)  မဟေမာန်ဦးခင်၊ ၁၂/မဂတ(နိုင်) ၁၀၀၀၂၃၊ ကျောင်းသူ

 (၂)  မသန္တာဦးခင်၊ ၉/ဇယသ(နိုင်)၀၀၃၈၆၁၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄)၊ ၆ လမ်း၊ ပုသိမ်ညွန့်ရပ်ကွက်၊  မင်္ဂလာတောင်ညွန့်မြို့နယ်  ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(ဒုတိယအကြိမ်)

 

 

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ.မ.က(၂၀) မင်္ဂလာတောင်ညွန့် (၁၉၆၆-၁၉၇၁)၊ အ.ထ.က(၁၀) တာမွေ (၁၉၇၂-၁၉၇၇)၊ အမှတ်(၁)ဒေသကောလိပ် ရန်ကုန်(၁၉၇၈-၁၉၈၁)၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) (၁၉၈၁-၁၉၈၃)၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) (၁၉၉၉)၊ စစ်ဦးစီးတက္ကသိုလ်(ကလော) (၂၀၀၃)၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(နေပြည်တော်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပါသည်။ သိပ္ပံဘွဲ့(သတ္တဗေဒ)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ် ရေး)၊ ဘွဲ့လွန်ဥပဒေဒီပလိုမာ(အွန်လိုင်း)တို့ကို ရရှိခဲ့ပါသည်။ 
        စစ်မှုထမ်းအဖြစ် ခမရ(၃၁၄) ကျိုင်းတုံ (၁၉၈၄-၁၉၉၀)၊ ခမရ(၂၀၄) (၁၉၉၀-၁၉၉၄)၊ ခလရ(၂၂၁) မိုင်းဖြတ် (၁၉၉၄-၁၉၉၆)၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တောင်ငူ) (၁၉၉၇-၁၉၉၈)၊ ခမရ(၃၇၉) မင်းပြား(၁၉၉၈-၂၀၀၁)၊ ခလရ(၂၃၁) ကော့ကရိတ်(၂၀၀၁-၂၀၀၃)၊ တတက(၁၂) ပုလော/ပလောက်(၂၀၀၃-၂၀၀၇)၊ စကခ(၆)လယ်ဝေး(၂၀၀၇-၂၀၁၁)တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး နေပြည်တော်တွင် ၂၀၁၁ မှ ယနေ့အထိ ဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ပထမအကြိမ် ပြည်သူ့ လွှတ်တော်)၊ ဒေသကောလိပ်(၁) ကြက်ခြေနီလူငယ်(ရန်ကုန်တိုင်း)တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
          နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော် အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယမ်း/မဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ နိုင်ငံ့ အကျိုးဆောင်တံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင်တံဆိပ် (တတိယအဆင့်)၊ စစ်ပွဲ တံဆိပ်(၁၉၈၈/၁၉၉၀)၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူး သင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်း တံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတံဆိပ်၊ စကခမှူး(စကခ ၉) ချီးကျူးဂုဏ်ပြုမှတ်တမ်း၊ တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)၊ တိုက်ပွဲတံဆိပ်(လောက်ကိုင်) တို့ကို ရရှိခဲ့ပါသည်။
        ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး(၂၀၁၂)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး(၂၀၁၂)၊ အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲ (၂၀၁၃)၊ ထိုင်းနိုင်ငံသို့ အစည်းအဝေးခရီး (၂၀၁၄)၊ လာအိုနိုင်ငံသို့ အာဆီယံအစည်းအဝေး ခရီး(၂၀၁၄)သို့ သွားရောက်လေ့လာဆောင်ရွက်ခဲ့ပါသည်။